အာမုတ် 5:16 - Common Language Bible16 ထို့ကြောင့်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသခင်က``မြို့ပေါ်ရှိလမ်းအသွယ်သွယ် တို့၌ကြေကွဲစရာငိုကြွေးသံ၊ စျေးရပ်ကွက် တို့၌ညည်းညူသံများကိုကြားရတော့မည်။ ငိုချင်းသည်များနှင့်အတူလာရောက်ငို ကြွေးရန် လယ်သမားများကိုပါခေါ်ကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16-17 သို့ ဖြစ် ၍ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြည် ကို ငါ ဖြတ် သန်း မည် ဖြစ် သော ကြောင့်၊ ငို ကြွေး ရန် တောင် သူ တို့ ကို လည်း ကောင်း၊ မြည် တမ်း ရန် ငို ချင်း ဖွဲ့ ဆို တတ် သူ တို့ ကို လည်း ကောင်း၊ ခေါ် ကြ ရ သည့် အ လျောက်၊ လမ်း မ ရှိ သ မျှ၊ စပျစ် ခြံ ရှိ သ မျှ၌ မြည် တမ်း ခြင်း၊ လမ်း ကြား ရှိ သ မျှ၌ အ ကျိုး နည်း လေ စွ ဟု ဟစ် ခြင်း ကို ပြု ရ ကြ လ တ္တံ့ ဟူ၍ မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှာလည်းကောင်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှာလည်းကောင်း ခေါ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “လမ်းဆုံလမ်းခွ၌ ငိုကြွေးကြလိမ့်မည်။ လူစည်ကားရာနေရာရှိသမျှ၌ ‘အလိုလေး၊ အလိုလေး’ဟု အော်ဟစ်ကြလိမ့်မည်။ ငိုကြွေးမြည်တမ်းရန် လယ်သမားတို့ကို ခေါ်ကြလိမ့်မည်။ ငိုချင်းချရန် ငိုချင်းသည်တို့ကို ခေါ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။