ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
အာမုတ် 6:4 - Common Language Bible ဆင်စွယ်ကုတင်များ၌လဲလျောင်းနေကြ သူတို့၊ သိုးငယ်နွားငယ်တို့၏အသားနုကို စားပြီးဖဲမွေ့ရာပေါ်၌လျောင်းကာအကြော ဆန့်နေကြသူတို့၊ သင်တို့သည်အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့မည်။- Garrad Bible ဆင် စွယ် ဖြင့် ပြီး သော သာ လွန် တွင် လျောင်း လျက်၊ ညောင် စောင်း ထက် မှီ ထိုင် လျက်၊ သိုး အုပ် မှ သိုး သား ငယ် များ နှင့်၊ တင်း ကုပ် မှ နွား သား ငယ် များ ကို စား ခြင်း၊ Judson Bible ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကိုလည်းကောင်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကိုလည်းကောင်း ယူ၍စားခြင်း၊ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဆင်စွယ်ခုတင်တွင် အိပ်လျက်၊ ညောင်စောင်းပေါ်တွင် လဲလျောင်းလျက်၊ သိုးအုပ်ထဲမှသိုးသငယ်များနှင့် တင်းကုပ်ထဲမှနွားသငယ်များကို သတ်စားလျက်၊ |
ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
ဥယျာဉ်တော်ဝင်းတွင်ငွေကွင်းတပ်ထား သည့်ကျောက်ဖြူတိုင်များ၌ ပိတ်ချောအဖြူ အပြာကန့်လန့်ကာများကိုမရမ်းစေ့ရောင် ပိတ်ကြိုးများဖြင့်ချည်၍တန်ဆာဆင်ထား ၏။ ကျောက်ဖြူ၊ ကျောက်သလင်း၊ ကနုကမာ၊ စိမ်းပြာကျောက်များနှင့်အကွက်ဖော်၍ခင်း ထားသည့်ဥယျာဉ်တော်ဝင်းအတွင်း၌ ရွှေ နှင့်ငွေတို့ဖြင့်ပြီးသောညောင်စောင်းများ ကိုလည်းထားရှိလေသည်။-
သူတို့၏စိတ်နှလုံးမှမကောင်းမှုများကို ထုတ်ဖော်၍ သူတို့၏စိတ်သည်ယုတ်မာသည့်အကြံအစည် များကိုတွေးတောလျက်နေကြ၏။
သင်သည်ယင်းသို့ပြုမည့်အစားရယ်မော လျက် ပွဲလမ်းသဘင်ကျင်းပကာနေခဲ့၏။ သိုးနွားများကိုသတ်၍စားကာစပျစ်ရည် ကိုသောက်ခဲ့၏။ ``နက်ဖြန်သေရကြမည် ဖြစ်၍ယခုငါတို့စားကြသောက်ကြ ကုန်အံ့'' ဟုသင်ဆိုခဲ့၏။
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
``သင်သည်သူတို့စားသောက်ပွဲကျင်းပနေ သည့်အိမ်သို့မဝင်နှင့်။ ထိုသူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်၊-
ဤကားသင့်ညီမသောဒုံပြုသောအမှုဖြစ် သည်။ သူတို့သည်မာနကြီးလျက်အစာရေ စာအဝလွန်၍ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ဆင်းရဲသူများနှင့် အခွင့်အရေးနိမ့်သူလူ တန်းစားတို့အား ကူညီစောင့်ရှောက်မှုကို မပြုကြ။-
သူတို့သည်မိမိတို့ရှေ့၌စားပွဲကိုကျနစွာ တည်ခင်းပြီးလျှင် လှပသောညောင်းစောင်းပေါ် တွင်ထိုင်ကြ၏။ စားပွဲပေါ်တွင်ငါပေးသည့်နံ့ သာပေါင်းနှင့်သံလွင်ဆီကိုတင်ထားကြ၏။-
ထာဝရဘုရားက``သိုးထိန်းသည်ခြင်္သေ့ စာဖြစ်သွားသောသိုးတစ်ကောင်၏ခြေနှစ် ချောင်း သို့မဟုတ်နားရွက်တစ်ဖက်စသော အပိုင်းအစများကိုသာကောက်ယူနိုင် သကဲ့သို့ ရှမာရိပြည်ဒမာသက်မြို့ရှိ ကုတင်မွေ့ယာတို့ပေါ်၌ စည်းစိမ်ယစ်မူး နေသူတို့အနက်လူအနည်းငယ်သာ လျှင်ကျန်ရစ်ပေမည်။-
ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည်ဆင်းရဲသား တို့အပေါ်တွင်ခေါင်းပုံဖြတ်ကြ၏။ သင်တို့ အပေါင်းသည်လူလိမ်များဖြစ်ကြ၏။-
``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
သင်တို့သည်လောကတွင်စည်းစိမ်ခံလျက် ပျော်ပါးခဲ့ကြ၏။ အသတ်ခံရကြမည့်နေ့ အတွက်မိမိတို့ကိုယ်ကိုဆူဖြိုးအောင်ကျွေး မွေးခဲ့ကြ၏။-