Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 3:12 - Common Language Bible

12 ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​သည်​ခြင်္သေ့ စာ​ဖြစ်​သွား​သော​သိုး​တစ်​ကောင်​၏​ခြေ​နှစ် ချောင်း သို့​မ​ဟုတ်​နား​ရွက်​တစ်​ဖက်​စ​သော အ​ပိုင်း​အ​စ​များ​ကို​သာ​ကောက်​ယူ​နိုင် သ​ကဲ့​သို့ ရှ​မာ​ရိ​ပြည်​ဒ​မာ​သက်​မြို့​ရှိ ကု​တင်​မွေ့​ယာ​တို့​ပေါ်​၌ စည်း​စိမ်​ယစ်​မူး နေ​သူ​တို့​အ​နက်​လူ​အ​နည်း​ငယ်​သာ လျှင်​ကျန်​ရစ်​ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ခြေ နှစ် ချောင်း ကို မျှ သော် လည်း ကောင်း၊ နား ရွက် တစ် ပိုင်း ကို မျှ သော် လည်း ကောင်း၊ ခြင်္သေ့ ခံ တွင်း မှ သိုး ထိန်း နုတ် ရ သည့် နည်း တူ၊ ရှ မာ ရိ မြို့ တွင် သာ လွန် ထောင့် နှင့် က မ္ပ လာ ခင်း ညောင် စောင်း များ ပေါ်၌ လျောင်း နေ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ နုတ် ယူ ရာ ရောက် ကြ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​သည် ခြင်္သေ့​နှုတ်​ထဲ​က ခြေ​နှစ်​ခု၊ သို့​မ​ဟုတ်၊ နား​ရွက်​တစ်​ပိုင်း​ကို နုတ်​ယူ​သ​ကဲ့​သို့ ရှ​မာ​ရိ​မြို့၌ ခု​တင်​ထောင့်၊ ဒ​မာ​သက်​မွေ့​ရာ ဖုံ​ပေါ်​မှာ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ယူ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 တစ်ဖန် ထာဝရဘုရား​က “သိုးထိန်း​သည် ခြင်္သေ့​ခံတွင်း​မှ ခြေ​နှစ်​ချောင်း​၊ နားရွက်​တစ်ပိုင်း​ကို​သာ နုတ်ယူ​နိုင်​သကဲ့သို့ ရှမာရိ​မြို့​ခုတင်​စွန်း​၊ ဒမတ်စကပ်​ညောင်စောင်း​တွင်​ထိုင်​သော အစ္စရေး​အမျိုးသား​တို့​သာ ကယ်နုတ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 3:12
16 ပူးပေါင်းရင်းမြစ်များ  

ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-


ဗင်္ဟာ​ဒဒ်​က``အရှင့်​ခ​မည်း​တော်​၏​လက်​မှ​အ​ကျွန်ုပ် ၏​ခ​မည်း​တော်​သိမ်း​ယူ​ခဲ့​သော​မြို့​များ​ကို အ​ရှင့် အား​ပြန်​လည်​ပေး​အပ်​ပါ​မည်။ အ​ကျွန်ုပ်​၏​ခ​မည်း တော်​သည်​ရှ​မာ​ရိ​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ကို ထား​ရှိ​ခဲ့​သည့်​နည်း​တူ အ​ရှင်​သည်​လည်း​ဒ​မာ သက်​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ထား​ရှိ​နိုင်​ပါ သည်'' ဟု​ဆို​၏။ အာ​ဟပ်​က``ဤ​သ​ဘော​တူ​ညီ​ချက်​များ​အ​ရ သင်​၏​အ​သက်​ကို​ချမ်း​သာ​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ပြီး​လျှင် ဗင်္ဟာ​ဒဒ်​အား​သွား​ခွင့်​ပြု​တော် မူ​၏။


မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။


တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။


ဥ​ယျာဉ်​တော်​ဝင်း​တွင်​ငွေ​ကွင်း​တပ်​ထား သည့်​ကျောက်​ဖြူ​တိုင်​များ​၌ ပိတ်​ချော​အ​ဖြူ အ​ပြာ​ကန့်​လန့်​ကာ​များ​ကို​မ​ရမ်း​စေ့​ရောင် ပိတ်​ကြိုး​များ​ဖြင့်​ချည်​၍​တန်​ဆာ​ဆင်​ထား ၏။ ကျောက်​ဖြူ၊ ကျောက်​သ​လင်း၊ က​နု​က​မာ၊ စိမ်း​ပြာ​ကျောက်​များ​နှင့်​အ​ကွက်​ဖော်​၍​ခင်း ထား​သည့်​ဥ​ယျာဉ်​တော်​ဝင်း​အ​တွင်း​၌ ရွှေ နှင့်​ငွေ​တို့​ဖြင့်​ပြီး​သော​ညောင်​စောင်း​များ ကို​လည်း​ထား​ရှိ​လေ​သည်။-


သူ​သည်​ဧ​သ​တာ​၏​သ​လွန်​ထက်​သို့​လှဲ​ချ ကာ​အ​သ​နား​ခံ​မည်​အ​ပြု​တွင်​မင်း​ကြီး သည် ဥ​ယျာဉ်​တော်​မှ​ပြန်​လည်​ရောက်​ရှိ​ကာ ည​စာ​ခန်း​မ​ဆောင်​သို့​ဝင်​လာ​လေ​သည်။ ဟာ​မန်​၏​အ​မူ​အ​ရာ​ကို​မြင်​သော​အ​ခါ မင်း​ကြီး​က``ဤ​သူ​သည်​မိ​ဖု​ရား​အား​နန်း တော်​အ​တွင်း​ငါ့​ရှေ့​မှောက်​၌​ပင်​မ​တ​ရား ပြု​ကျင့်​မည်​လော'' ဟု​ဟစ်​အော်​မိန့်​မြွက် တော်​မူ​၏။ ယင်း​သို့​မင်း​ကြီး​မိန့်​မြွက်​လိုက်​သည့်​အ​ခါ မိန်း​မ​စိုး​တို့​သည်​ဟာ​မန်​၏​မျက်​နှာ​ကို ဖုံး​အုပ်​ကြ​လေ​သည်။


ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည်​မိ​မိ​တို့​အား​ကူ​မ​တော်​မူ​ရန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​တော် မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ဖန်​ဆင်း တော်​မူ​ရှင်​ကို​ဖူး​မြော်​ကြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​တို့​သည်​အ​ဘယ် မျှ​ပင်​ငေါက်​ငန်း​အော်​ဟစ်​ကြ​သော်​လည်း သား ကောင်​ကို​ကိုက်​သတ်​ထား​သည့်​ခြင်္သေ့​ကို​ချောက် လှန့်​၍​မ​ရ​နိုင်​သ​ကဲ့​သို့၊ ဇိ​အုန်​တောင်​ကို​ကာ ကွယ်​စောင့်​ရှောက်​နေ​သည့် အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​အား​လည်း​အ​ဘယ်​အ​ရာ က​မျှ​ဟန့်​တား​ပိတ်​ပင်​နိုင်​လိမ့်​မည်​မ​ဟုတ်။-


ထို​သူ​ငယ်​သည်​မေ​မေ၊ ဖေ​ဖေ​ဟူ​၍​ပင်​ခေါ် တတ်​သည့်​အ​ရွယ်​သို့​မ​ရောက်​မီ အာ​ရှု​ရိ ဘု​ရင်​သည် ဒ​မာ​သက်​မြို့​ရှိ​စည်း​စိမ်​ဥစ္စာ မှန်​သ​မျှ​နှင့်​ရှ​မာ​ရိ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​များ​ကို​သိမ်း​ယူ​၍​သွား​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။


ဆင်​စွယ်​ကု​တင်​များ​၌​လဲ​လျောင်း​နေ​ကြ သူ​တို့၊ သိုး​ငယ်​နွား​ငယ်​တို့​၏​အ​သား​နု​ကို စား​ပြီး​ဖဲ​မွေ့​ရာ​ပေါ်​၌​လျောင်း​ကာ​အ​ကြော ဆန့်​နေ​ကြ​သူ​တို့၊ သင်​တို့​သည်​အ​ရှက်​တ​ကွဲ အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-


ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​များ လှ​သော ဤ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သ​တိ​ဖြင့် စောင့်​ကြည့်​နေ​ပြီ။ ဤ​နိုင်​ငံ​ကို​မြေ​ပေါ်​မှ ကွယ်​ပျောက်​သွား​အောင်​ပယ်​ဖျက်​တော့​မည်။ သို့​သော်​လည်း​ငါ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ် အား​လုံး​ကို​ဖျက်​ဆီး​မည်​မ​ဟုတ်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ