ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
အာမုတ် 5:24 - Common Language Bible တရားမျှတရေးသည်စမ်းရေကဲ့သို့လည်း ကောင်း၊ ဖြောင့်မတ်ခြင်းသည်မခန်းနိုင်သော မြစ်ကဲ့သို့လည်းကောင်းစီးပါလေစေ။ Garrad Bible ၎င်း အ စား၊ ဆုံး ဖြတ် ခြင်း တ ရား သည်၊ မြစ် ရေ ကဲ့ သို့ လည်း ကောင်း၊ ဖြောင့် မတ် ခြင်း တ ရား သည်၊ မ ပြတ် သော ချောင်း ရေ ကဲ့ သို့ လည်း ကောင်း၊ စီး မြဲ စီး လေ စေ။ Judson Bible တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့လည်းကောင်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့လည်းကောင်း စီးစေကြလော့။ မြန်မာ့စံမီသမ္မာကျမ်း တရားမျှတခြင်းကို မြစ်ရေသဖွယ် စီးဆင်းစေလော့။ ဖြောင့်မတ်ခြင်းကိုလည်း ချောင်းရေသဖွယ် အစဉ်စီးဆင်းစေလော့။ |
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ အဘယ်မျှကောင်းလိမ့်မည်နည်း။ ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။ အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင် ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။''
ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။-
လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။