ဟောရှေ 6:6 - Common Language Bible6 ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။'' အခန်းကိုကြည့်ပါ။Garrad Bible6 ပူ ဇော် သ က္ကာ များ ထက်၊ ကြည် ညို သော သ ဘော ကို လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ များ ထက်၊ ငါ ဘု ရား အား သိ ကျွမ်း သော သ ဘော ကိုလည်း ကောင်း၊ ငါ နှစ် သက် သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible6 ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါနှစ်သက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော်လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူသည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီးရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန်တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုးနွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ်သက်တော့ပေ။-
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။-
ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။