အာမုတ် 5:25 - Common Language Bible25 ``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်နေစဉ်ကယဇ်ပူဇော်သကာတို့ ကို ငါ့အားမပူဇော်ဘဲနေခဲ့ကြသည်မ ဟုတ်လော။- အခန်းကိုကြည့်ပါ။Garrad Bible25 အို ဣ သ ရေ လ အ မျိုး သား တို့၊ သဲ က န္တာ ရ၌ နေ သော နှစ် ပေါင်း လေး ဆယ် အ တွင်း၊ ယဇ် နှင့် ပူ ဇော် သ က္ကာ များ ကို၊ ငါ အား ဆက် ကပ် ရ ကြ သ လော။ အခန်းကိုကြည့်ပါ။Judson Bible25 အို ဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သကာများကို တော၌အနှစ်လေးဆယ်ပတ်လုံး ငါ့အားပူဇော်ကြသလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 အို အစ္စရေးအမျိုးအနွယ်တို့၊ တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေစဉ် ငါ့ထံ ယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို သင်တို့ ပူဇော်ဖူးသလော။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-