``ငါသည်အဘယ်အခါ၌မျှဒါဝိဒ်အား လှည့်စား၍ မိန့်ဆိုမည်မဟုတ်ဟူ၍ သန့်ရှင်းမြင့်မြတ်သည့်ငါ့နာမကိုတိုင်တည်၍ တစ်ခါတည်းအပြီးအပိုင်ကတိပေးပြီ။
အာမုတ် 4:2 - Common Language Bible အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။- Garrad Bible သင် တို့ ကို သံ ချိတ် များ နှင့် လည်း ကောင်း၊ အ ကျန် အ ကြွင်း တို့ ကို မျှား ချိတ် များ နှင့် လည်း ကောင်း၊ ငင် သွား ကြ မည့် နေ့ ရက် ကာ လ ရောက် အံ့ သည့် အ တိုင်း။ အ သီး အသီး တို့ သည် မြို့ ရိုး ပေါက် ဖြင့် တူ ရူ ထွက် သွား လျက်၊ ဟာ ရ မုံ ချောက် ထဲ သို့ ကိုယ် ကို ချ ကြ ရ မည် ဟု၊ သန့် ရှင်း တော် မူ ခြင်း ကို တိုင် တည်၍၊ အ ရှင် ထာ ဝ ရ ဘု ရား သ စ္စာ ဆို လျက် မိန့် မြွက် တော် မူ ခဲ့ သ တည်း။ Judson Bible အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်လည်းကောင်း၊ သင်တို့သားမြေးတို့ကို ပိုက်ကွန်နှင့်လည်းကောင်း ဖမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို တိုင်တည်ကျိန်ဆို၍ “ကြည့်ရှုလော့။ သင်တို့ကို ချိတ်များဖြင့်လည်းကောင်း၊ ကြွင်းကျန်သူတို့ကို ငါးမျှားချိတ်များဖြင့်လည်းကောင်း ဖမ်းခေါ်သွားသောနေ့ ရောက်လာလိမ့်မည်။ |
``ငါသည်အဘယ်အခါ၌မျှဒါဝိဒ်အား လှည့်စား၍ မိန့်ဆိုမည်မဟုတ်ဟူ၍ သန့်ရှင်းမြင့်မြတ်သည့်ငါ့နာမကိုတိုင်တည်၍ တစ်ခါတည်းအပြီးအပိုင်ကတိပေးပြီ။
ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။ နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
ငါသည်သင်၏မေးရိုးကိုသံချိတ်ဖြင့်ချိတ် ၍ သင်၏မြစ်ထဲမှငါးတို့ကိုသင့်ကိုယ်တွင် ကပ်၍နေစေမည်။-
``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။
ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။-