အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါသင်္ချိုင်းတွင်းများသာလျှင် ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။
ဟဗက္ကုတ် 2:9 - Common Language Bible သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း% ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည်% မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ% ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို% အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့% အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင်% ပြုခဲ့ကြပြီ။-% Garrad Bible ဘေး လွတ် ရန် အ ကြံ နှင့်၊ မြင့် ရာ အ ရပ်၌ သိုက် မြုံ လုပ် ရ အံ့ သော ငှာ ကိုယ့် အ ဆက် အ နွယ် အ ကျိုး အ ဖို့၊ မ တ ရား လု ယက် ယူ ငင် သော သင် သည်၊ အ မင်္ဂ လာ ရှိ၏။ Judson Bible မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေးဒဏ်လက်မှ မိမိလွတ်စေခြင်းငှာ၊ မကောင်းသောအဓမ္မစီးပွားကို မိမိအမျိုးအဖို့ ရှာသောသူသည် အမင်္ဂလာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘေးအန္တရာယ်မှလွတ်မြောက်ရန် မိမိအသိုက်ကို မြင့်သောနေရာ၌ဆောက်သောသူ၊ မတရားအကျိုးစီးပွားကို မိမိအိမ်အဖို့ရှာသောသူသည် အမင်္ဂလာရှိ၏။ |
အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါသင်္ချိုင်းတွင်းများသာလျှင် ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။
``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့တွင် ရှိပြီးအိမ်များ၊ လယ်ယာများကိုအရေအတွက် တိုးပွားအောင်ပြုကြသူတို့။ မကြာမီပင် အခြားသူများအတွက် နေရာထိုင်ခင်းကျန် ရှိတော့မည်မဟုတ်။ သင်တို့ချည်းသာလျှင် ပြည်တော်တွင်နေထိုင်ရကြပေတော့အံ့။-
မသမာသောနည်းဖြင့်ငွေရှာသောသူသည် မိမိမဥသည့်ဥများကိုဝပ်သောငှက်နှင့်တူ၏။ သူသည်ပထမအရွယ်၌ပင်စည်းစိမ်ဥစ္စာ ဆုံးပါးလျက် လူမိုက်အဖြစ်နှင့်သာလျှင်နိဂုံးချုပ်ရတတ်၏။
သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။
သင်တို့၏မာန်မာနကသင်တို့အားလှည့် စားလေပြီ။ သင်တို့ထင်မှတ်သကဲ့သို့အ ဘယ်သူမျှသင်တို့အားမကြောက်ကြ။ သင် တို့သည်တောင်ထိပ်ပေါ်ရှိကျောက်ဆောင်မြင့် ပေါ်တွင်နေထိုင်လျက်ရှိကြ၏။ သို့ရာတွင် ယင်းကဲ့သို့လင်းယုန်သဖွယ်မြင့်မားသည့် အရပ်တွင် သင်တို့နေထိုင်ကြသော်လည်း ငါသည်သင်တို့အားဆွဲချမည်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏ဟုမိန့်တော်မူလေပြီ'' ဟုဆို၏။
ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။
အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
သင်သည်လင်းယုန်ငှက်၏အသိုက်တမျှ မြင့်မားရာတွင်တည်နေသဖြင့်၊ ကြယ်တာရာတို့အလယ်သို့ပင် ရောက်ရှိနေစေပါမူ၊ သင့်ကိုငါဆွဲချမည်။
သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-