Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 49:11 - Common Language Bible

11 အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မြေ​ပိုင်​ရှင်​များ ဖြစ်​ခဲ့​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သင်္ချိုင်း​တွင်း​များ​သာ​လျှင် ထို​သူ​တို့​အ​ခါ​ခပ်​သိမ်း​နေ​ထိုင်​ရာ၊ ထာ​ဝ​ရ​နေ​အိမ်​များ​ဖြစ်​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 လယ် ယာ များ ကို ကိုယ့် အ မည် ဖြင့် သ မုတ် ကြ လျက် ပင်၊ တည် မြဲ ရာ အိမ်၊ အ စဉ် အ ဆက် နေ ရာ တိုက် ကား၊ သင်္ချိုင်း ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 မိ​မိ​တို့​အိမ်​သည် ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။ မိ​မိ​တို့​နေ​ရာ​လည်း လူ​မျိုး​အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။ မိ​မိ​တို့​နာ​မ​သည် မြေ​ပေါ်​မှာ ကျော်​စော​လိမ့်​မည်​ဟု သူ​တို့​စိတ်​ထင်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​သူ​တို့​က မိမိ​တို့​အိမ်​သည် အစဉ်အမြဲ​တည်​၍ မိမိ​တို့​နေထိုင်ရာအရပ်​သည် မျိုးဆက်​အစဉ်အဆက်​တည်​လိမ့်မည်​ဟု ထင်မှတ်​လျက် မြေကွက်​တို့​ကို မိမိ​တို့​အမည်​ဖြင့်​မှည့်ခေါ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 49:11
13 ပူးပေါင်းရင်းမြစ်များ  

ကာ​ဣ​န​သည်​သူ​၏​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် မ​ယား​၌​ပ​ဋိ​သန္ဓေ​စွဲ​၍​ဧ​နောက်​နာ​မည်​ရှိ​သား ကို​ဖွား​မြင်​လေ​၏။ သူ​သည်​မြို့​ကို​တည်​၍​သား ၏​နာ​မည်​ကို​အ​စွဲ​ပြု​လျက် ထို​မြို့​ကို​ဧ​နောက် မြို့​ဟု​မှည့်​ခေါ်​၏။-


အ​ဗ​ရှ​လုံ​သည်​မိ​မိ​တွင်​သား​မ​ရှိ​သ​ဖြင့် မိ​မိ​နာ​မည်​မ​တိမ်​ကော​စေ​ရန်​အ​သက်​ရှင် စဉ်​အ​ခါ​က ဘု​ရင့်​ချိုင့်​ဝှမ်း​တွင်​ကျောက်​တိုင် ကို​တည်​ဆောက်​၍ မိ​မိ​၏​နာ​မည်​ဖြင့်​ခေါ်​တွင် စေ​ရာ​အ​ဗ​ရှ​လုံ​ကျောက်​တိုင်​ဟု​ယ​နေ့ တိုင်​အောင်​တွင်​သ​တည်း။


``ငါ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​မျှ​ဒုက္ခ​ရောက်​ရ​လိမ့်​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။


သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ရာ​ကို မျှော်​ကိုး​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။


ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​စ​ကား​ကို အ​ဘယ်​အ​ခါ​၌​ယုံ​ကြည်​၍​မ​ရ​ပါ။ သူ​တို့​တွင်​ဖျက်​ဆီး​လို​စိတ်​သာ​လျှင်​ရှိ​ပါ​၏။ သူ​တို့​၏​ခံ​တွင်း​သည်​ပွင့်​လျက်​နေ​သော သင်္ချိုင်း​တွင်း​နှင့်​တူ​ပါ​၏။ သူ​တို့​၏​လျှာ​သည်​လည်း​မြှောက်​ပင့်​လိမ်​လည် လှည့်​စား​တတ်​ပါ​၏။


သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ပြီး​လျှင် ``လွန်​စွာ​ပါး​နပ်​လိမ္မာ​သည့်​အ​မှု​ကို​ငါ​တို့​ကြံ​စည်​၍ ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။ လူ​၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​ကို​သိ​ရှိ​ရန် လွန်​စွာ​ပင်​ခက်​ခဲ​နက်​နဲ​လှ​ပါ​သည်​တ​ကား။


ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။


အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။-


သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။-


ဤ​သို့​ဆိုး​ညစ်​မှု​အ​တွက်​နောင်​တ​ရ​လော့။ ဤ သို့​စိတ်​အ​ကြံ​အ​စည်​ပြု​မိ​သည့်​အ​တွက် အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ရန် သ​ခင်​ဘု​ရား ထံ​ဆု​တောင်း​လော့။-


မ​နာ​ရှေ​အ​နွယ်​ဝင်​ယာ​ဣ​ရ​သည် ဂေ​ရှု​ရ​နှင့် မာ​ခါ​နယ်​စပ်​အ​ထိ​ကျယ်​ဝန်း​သော​ဗာ​ရှန် ပြည်၊ တစ်​နည်း​အား​ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ တစ်​ခု​လုံး​ကို​သိမ်း​ယူ​သည်။ သူ​သည်​ကျေး​ရွာ များ​ကို သူ​၏​နာ​မည်​ဖြင့်​မှည့်​ခေါ်​ရာ​၌ ယ​နေ့ တိုင်​အောင်​ယာ​ဣ​ရ​၏​ကျေး​ရွာ​များ​ဟု​ခေါ် တွင်​သ​တည်း။)


နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ