အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား သည်ဒါဝိဒ်နှင့်အတူရှိတော်မူသည်ဖြစ်၍ သူ၏တန်ခိုးအာဏာသည်ပို၍ပို၍လွှမ်းမိုး လာလေသည်။
ဟ္ဂဲ 2:4 - Common Language Bible သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။- Garrad Bible သို့ ရာ တွင် အို ဇေ ရု ဗ ဗေ လ၊ အား ယူ လော့။ ယော ဇ ဒက် သား အို ပ ရော ဟိတ် မင်း ယော ရှု အား ယူ လော့။ အို ပြည် သူ ပြည် သား အ ပေါင်း တို့ အား ယူ လျက် လုပ် ဆောင် ကြ လော့ ဟူ ၍ လည်း ကောင်း၊ အိ ဂျစ် ပြည် မှ သင် တို့ ထွက် လာ ကြ သည့် ကာ လ ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ချက် အ ရ ငါ သည် သင် တို့ နှင့် အ တူ စံ လျက် ဝိ ညာဉ် တော် လည်း တည် လျက် ရှိ သော ကြောင့် မ ကြောက် ကြ လင့် ဟူ၍ လည်း ကောင်း ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း မ ကြာ မ မြင့် မီ၊ Judson Bible သို့သော်လည်း၊ အို ဇေရုဗဗေလ၊ အားယူလော့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား သည်ဒါဝိဒ်နှင့်အတူရှိတော်မူသည်ဖြစ်၍ သူ၏တန်ခိုးအာဏာသည်ပို၍ပို၍လွှမ်းမိုး လာလေသည်။
သင်သည်ဣသရေလအမျိုးသားတို့ အတွက် မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုစောင့်ထိန်း ပါမူ သင်၏အကြံအစည်ထမြာက်လိမ့် မည်။ အားမာန်တင်း၍စိတ်ချယုံကြည် လော့။ အဘယ်အရာကိုမျှမကြောက်နှင့်။-
ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
လူမျိုးခြားများနှင့်အိမ်ထောင်ကျသူများ စာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ ယောရှုသားချင်းစုနှင့်သူ၏ညီများ။ ယောဇ ဒက်၏သားများဖြစ်ကြသောမာသေယ၊ ဧလျေဇာ၊ ယာရိပ်နှင့်ဂေဒလိ။-
ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
ထိုအခါထာဝရဘုရား၏တမန်တော်ဟ္ဂဲ သည်``ထာဝရဘုရားကငါသည်သင်တို့နှင့် အတူရှိတော်မူမည်'' ဟုမိန့်တော်မူကြောင်း လူတို့အားဆင့်ဆိုပြောကြား၏။-
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
ရဲရင့်မှုရှိကြလော့။ ယခုသင်တို့ကြားသိ ကြရသည့်စကားများသည် ငါအနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ရန်အုတ်မြစ်ချချိန်၌ပရောဖက် တို့ဟောကြားခဲ့ကြသည့်စကားများပင် ဖြစ်၏။-
တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။
``လူမျိုး၏အဖတို့သည်မိမိတို့ညီယောသပ် အားမနာလိုသဖြင့် အီဂျစ်ပြည်တွင်ကျွန်ခံ စေရန်ရောင်းလိုက်ကြ၏။ သို့ရာတွင်ဘုရား သခင်သည်သူနှင့်အတူရှိတော်မူသည် ဖြစ်၍၊-
နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-
သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။
ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။-
သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-
သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။