ပရောဖက်နာသန်အား`ကြည့်လော့။ ငါသည် သစ်ကတိုးသားနန်းတော်နှင့်နေထိုင်ရသော် လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်မူကားတဲတော်၌သာကျိန်းဝပ်တော် မူရပါသည်တကား'' ဟုဆို၏။
ဟ္ဂဲ 1:4 - Common Language Bible ``ငါ၏လူမျိုးတော်၊ သင်တို့သည်အိမ်ရာ ကောင်းကောင်းများတွင်နေထိုင်နေကြသော် လည်း ငါ၏ဗိမာန်တော်သည်ယိုယွင်းပျက် စီးလျက်နေပါသည်တကား။-'' Judson Bible အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက်လျက် နေရမည်လော။ မြန်မာ့စံမီသမ္မာကျမ်း “ဤအိမ်တော် ပျက်စီးနေချိန်တွင် သင်တို့ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရသလော။ |
ပရောဖက်နာသန်အား`ကြည့်လော့။ ငါသည် သစ်ကတိုးသားနန်းတော်နှင့်နေထိုင်ရသော် လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်မူကားတဲတော်၌သာကျိန်းဝပ်တော် မူရပါသည်တကား'' ဟုဆို၏။
သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
ကိုယ်တော်ရှင်၏အစေခံတို့သည်ဇိအုန်မြို့ ပျက်စီးသွားပြီဖြစ်သော်လည်း ထိုမြို့ကိုနှစ်သက်မြတ်နိုးလျက်ပင် ရှိနေကြပါသေး၏။ ဇိအုန်မြို့ယိုယွင်းလျက်နေသော်လည်း ထိုမြို့ကိုသနားကြပါသေး၏။
သူတို့သည်ကိုယ်တော်ရှင်၏ဗိမာန်တော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်ရှင်အားကိုးကွယ်ဝတ်ပြုရာဌာနတော်ကို ဖြိုဖျက်၍ညစ်ညမ်းစေကြပါ၏။
သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ၏။
အထက်ထပ်တွင်အခန်းကျယ်ကြီးများနှင့် ငါသည်မိမိအတွက်နန်းတော်ကြီး တစ်ဆောင်ကို၊ တည်ဆောက်အံ့ဟုဆိုသောသူသည်အမင်္ဂလာ ရှိ၏။ သူသည်ထိုသို့ဆိုပြီးလျှင်မိမိအိမ်တွင် ပြူတင်းပေါက်များကိုဖောက်၏။ အာရဇ်သားမှန်ပုံများကိုတပ်၍အနီရောင် ဆေးကိုသုတ်၏။
``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
သင်တို့သည်ယခုငါပြောသည့်အတိုင်းမပြု ဘဲနေခဲ့ပါမူ ငါသည်ဤမြို့ကိုရှိလောရွာကဲ့ သို့ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ သည်လည်း ဤမြို့၏အမည်နာမကိုကျိန်ဆဲ ရာတွင်အသုံးပြုကြလိမ့်မည်ဟုပြောကြား လော့'' ဟူ၍ဖြစ်၏။
ထာဝရဘုရားက``ဤအရပ်သည်သဲကန္တာ ရကဲ့သို့လူသူတိရစ္ဆာန်များကင်းမဲ့ရာဖြစ် ၏ဟု လူတို့ပြောဆိုလျက်နေကြ၏။ ယုဒ မြို့များနှင့်ယေရုရှလင်မြို့လမ်းများ တွင်လူသူတိရစ္ဆာန်များဆိတ်သုဉ်းလျက် နေသည်ဆိုခြင်းမှာမှန်ပေ၏။ သို့ရာတွင် ထိုအရပ်တို့တွင်၊-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-
ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။
ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
ပဉ္စမနှစ်သို့ရောက်လျှင်သင်တို့သည်သစ်သီး များကိုစားသုံးနိုင်သည်။ သင်တို့သည်အထက် ပါအတိုင်းလိုက်နာလျှင် သစ်သီးအထွက်တိုး လိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
သို့ဖြစ်၍သင်တို့ကြောင့်ဇိအုန်မြို့သည် ထွန်ယက်ထားသောလယ်ကွက်သဖွယ်ဖြစ် လိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံ ဖြစ်လိမ့်မည်။ ဗိမာန်တော်တည်ရာတောင် သည်တောအတိဖြစ်လိမ့်မည်။
ဟုမိန့်တော်မူပြီးနောက်ပရောဖက်ဟ္ဂဲမှ တစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော် ကပြည်သူတို့အား၊-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``မိမိ တို့ကြုံတွေ့နေရသည့်အဖြစ်အပျက်ကို သင်တို့မသိမမြင်ကြသလော။-
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
အခြားသောသူအပေါင်းတို့သည်ကားကိုယ့် အကျိုးကိုသာလျှင်ရှာကြ၏။ ယေရှုခရစ် ၏အကျိုးကိုမရှာကြ။-