အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
ဟေရှာယ 8:19 - Common Language Bible လူတို့သည်ဖတ်ရွတ်သရဇ္စျာယ်တတ်သူဗေဒင် ဆရာများနှင့် နတ်ဝင်သည်တို့အားစုံစမ်း မေးမြန်းရန်သင်တို့အားပြောကြလိမ့်မည်။ သူတို့က``လူတို့သည်အသက်ရှင်သူတို့ ကိုယ်စားသေသူတို့၏ဝိညာဉ်များကိုမေး မြန်းစုံစမ်းအပ်သည်'' ဟုဆိုကြလိမ့်မည်။ Garrad Bible လေ သံ နှင့် ရွတ် တတ် သော က ဝေ နှင့် မှော် ဆ ရာ တို့ ထံ မေး မြန်း ကြ လော့။ လူ မျိုး တိုင်း ကိုယ့် နတ် များ ထံ မေး မြန်း ခြင်း၊ ရှင် သူ တို့ အ တွက် သေ သူ တို့ ထံ မေး မြန်း ခြင်း မ ပြု အပ် သ လော ဟု၊ သင် တို့ အား တိုက် တွန်း ကြ ပါ က၊ Judson Bible တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။ မြန်မာ့စံမီသမ္မာကျမ်း “တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။ |
အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
ယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။-
ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။-
မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
ထိုနောက်ဘုရားသခင်၏လူစုတော်သည် ဗာလဘုရားကိုပေဂုရအရပ်တွင်ရှိခိုး ဝတ်ပြု၍ သက်မဲ့ဘုရားများကိုပူဇော်သည့်ယဇ်ကောင်သားကို စားကြ၏။
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
ထိုသူတို့သည်ယခုအခါကွယ်လွန်သွား ကြပါပြီ။ တစ်ဖန်ပြန်၍အသက်ရှင်ကြတော့မည်မဟုတ်ပါ။ ကိုယ်တော်ရှင်သည်သူတို့အားအပြစ်ဒဏ်ခတ်၍၊ သုတ်သင်ပယ်ရှင်းတော်မူလိုက်ပြီဖြစ်သဖြင့်၊ သူတို့၏ဝိညာဉ်များသည်လည်းသင်္ချိုင်းထဲမှ ထကြလိမ့်မည်မဟုတ်ပါ။ သူတို့အားအဘယ်သူမျှလည်း သတိမရကြတော့ပါ။
ယေရုရှလင်မြို့သည်မြေသင်္ချိုင်းတွင်း၌ စကားပြောရန် ရုန်းကန်အားထုတ်လျက်နေ သည့်တစ္ဆေနှင့်တူလိမ့်မည်။ ထိုမြို့၏အသံ သည်လည်းဖုတ်တောထဲမှ မပီမသထွက် ပေါ်လာသောတိုးညှင်းသောအသံဖြစ် လိမ့်မည်။
သူတို့သည်ငါ၏ထံမှအကြံဉာဏ်ကိုမ တောင်းခံဘဲ အီဂျစ်ပြည်သို့သွား၍အကူ အညီတောင်းခံကြ၏။ အီဂျစ်ပြည်၏ကာ ကွယ်စောင့်ရှောက်မှုကိုအလိုရှိသဖြင့် သူတို့ သည်အီဂျစ်ဘုရင်ကိုယုံကြည်ကိုးစား ကြ၏။-
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်၊ အနာဂတ်ကိုပြုပြင်ဖန်တီးတော်မူသော ထာဝရဘုရားက၊ ``ငါ၏သားသမီးများနှင့်ပတ်သက်၍ သင်တို့တွင် မေးခွန်းထုတ်ပိုင်ခွင့်မရှိ။ အဘယ်အမှုကိုငါပြုသင့်သည်ဟုလည်း ပြောဆိုပိုင်ခွင့်မရှိ။
သင်၏ဂါထာမန္တန်များနှင့်အဆောင်လက်ဖွဲ့ များကို ဆောင်ထားလော့။ ထိုအရာများကိုသင်သည်ငယ်စဉ်အခါ ကပင်လျှင် အသုံးပြု၍လာခဲ့၏။ ယင်းတို့သည်သင့်အားအကူအညီ ပေးကောင်းပေးပါလိမ့်မည်။ သင်၏ရန်သူများကိုလည်းနှင်ထုတ်ကောင်း နှင်ထုတ်နိုင်ပါလိမ့်မည်။
သင့်မှာအကြံပေးအရာရှိအမြောက်အမြား ရှိပါသော်လည်း၊သင်သည်အဘယ်သို့မျှ မတတ်နိုင်။ ကြယ်တာရာတို့ကိုကြည့်ရှုလေ့လာသူများ မိုးကောင်းကင်တွင်ဇုံနယ်များဆွဲကာ၊ တစ်လပြီးတစ်လဖြစ်ပျက်မည့်အမှုအရာ များကို သင့်အားကြိုတင်ဖော်ပြကြသူ၊ သင်၏အကြံပေးအရာရှိများသည်လာ၍ သင့်ကိုကယ်ကြပါလေစေ။
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။ လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
အိပ်မက်အနက်ဖွင့်သူများ၊ လူသေဝိညာဉ် များကိုခေါ်ယူ၍ မှော်အတတ်အားဖြင့် အနာဂတ်ကိုဟောနိုင်သည်ဟုဆိုသူများ၊ သို့မဟုတ်သင်တို့၏ပရောဖက်များ၏ စကားကိုနားမထောင်ကြနှင့်။ သူတို့ အားလုံးပင်လျှင်သင်တို့အားဗာဗုလုန် ဘုရင်၏အစေကိုမခံရန်ပြောကြား ကြ၏။-
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
ငါသည်သင်တို့ဆောင်ထားသောအင်းအိုင် လက်ဖွဲ့များကိုဖျက်ဆီးသဖြင့် သင်တို့တွင် ဗေဒင်ဟောသူမရှိစေရ။-
တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။-
သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-
အင်းအိုင်လက်ဖွဲ့စီရင်သည့်အတတ်နှင့်သေ သူတို့ထံ မေးမြန်းသည့်အတတ်တို့ကိုမကျင့် သုံးရ။-
သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။
ဣသရေလလူမျိုးတွင်မိစ္ဆာပရောဖက်များ ပေါ်ပေါက်ခဲ့သည်နည်းတူ သင်တို့တွင်လည်း မိစ္ဆာဆရာများပေါ်ပေါက်လာကြလိမ့်မည်။ သူ တို့သည်အကျိုးယုတ်စေသောမှားယွင်းသည့် အယူဝါဒများကိုသင်တို့ထံသို့ယူဆောင် လာပြီးလျှင် မိမိတို့အားရွေးနှုတ်ကယ်တင် တော်မူသောအရှင်ကိုပင်လျှင်ပစ်ပယ်ကြ လိမ့်မည်။ ဤနည်းအားဖြင့်သူတို့သည်မိမိ တို့အပေါ်တွင် ပျက်စီးခြင်းဘေးလျင်မြန် စွာရောက်စေကြလိမ့်မည်။-
နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
ရှမွေလက``ထာဝရဘုရားသည်သင့်ကို စွန့်တော်မူ၍ရန်ဘက်ဖြစ်ပါလျက် သင် သည်အဘယ်ကြောင့်ငါ့ကိုခေါ်ယူပါ သနည်း။-
ထိုအခါရှောလုသည်မိမိ၏တပ်မှူးတို့ အား``နတ်ဝင်သည်တစ်ဦးကိုရှာကြလော့။ သူ၏ထံသို့သွား၍ငါစုံစမ်းမေးမြန်း မည်'' ဟုဆို၏။ ထိုသူတို့က``အင်္ဒေါရမြို့တွင်နတ်ဝင်သည်မ တစ်ယောက်ရှိပါသည်'' ဟုလျှောက်ထားကြ၏။
ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။