တရားဟော 18:11 - Common Language Bible11 အင်းအိုင်လက်ဖွဲ့စီရင်သည့်အတတ်နှင့်သေ သူတို့ထံ မေးမြန်းသည့်အတတ်တို့ကိုမကျင့် သုံးရ။- အခန်းကိုကြည့်ပါ။Garrad Bible11 ဇော် ဂ နီ အ တတ် လေ့ လာ သူ၊ စုန်း တတ် သူ၊ မ န္တာန် ရွတ် တတ် သူ၊ က ဝေ၊ မှော် ဆ ရာ၊ လူ သေ တို့ ထံ မေး မြန်း သူ၊ တစ် ဦး တစ် ယောက် မျှ မ ရှိ စေ ရ။ အခန်းကိုကြည့်ပါ။Judson Bible11 ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ဂါထာရွတ်ဖတ်သူ၊ နတ်ဝင်သည်၊ နတ်ထိန်း၊ လူသေကိုမေးမြန်းသူ စသည်တို့ မရှိစေရ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။