ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
ဟေရှာယ 66:9 - Common Language Bible ငါသည်မီးဖွားချိန်တန်လျက် ဖွားမြင်ခွင့်မ ရနိုင်သည့်ကလေးကဲ့သို့ဖြစ်စေလိမ့်မည်ဟု သင်တို့မထင်မမှတ်ကြနှင့်ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူ သည့်စကားပင်ဖြစ်သတည်း။ Garrad Bible ငါ သည် ဖွား ချိန် ကို စီ ရင် ပြီး မှ၊ မ ဖွား စေ ဘဲ နေ မည် လော ဟု၊ ထာ ဝ ရ ဘု ရား အ မေး တော် ရှိ ၏။ သား ဖွား စေ သော ငါ သည်၊ မ ဖွား နိုင် အောင် ကန့် ကွက် မည် လော ဟု၊ သင် ၏ ဘု ရား သ ခင့် အ မေး တော် ရှိ ၏။ Judson Bible သားဖွားမည်အကြောင်းကို ငါသည် စီရင်ပြီးမှ၊ မဖွားစေဘဲနေရမည်လောဟု ထာဝရဘုရား မေးတော်မူ၏။ ငါသည်ပဋိသန္ဓေပေးပြီးမှ၊ မဖွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင် မေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားက “ငါသည် သားဖွားချိန်ရောက်စေပြီးမှ သားမဖွားစေဘဲနေမည်လော။ သားဖွားခြင်းအမှုကိုဖြစ်စေသောငါသည် သားအိမ်ကိုပိတ်ထားမည်လော”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကို ခံရ၍အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည်အချိန်ရောက်သော်လည်း ခွန်အားမရှိသဖြင့် သားမဖွားနိုင်သည့် အမျိုးသမီးနှင့်တူပါ၏။-
ဣသရေလအမျိုးသားတို့သည်အသက် ရှင်ခွင့်ကိုရလျက်နှင့်မယူတတ်သဖြင့် လွန်စွာမိုက်မဲ၏။ သူတို့သည်ဖွားချိန်တန် သော်လည်းမဖွားလိုသောကလေးနှင့် တူ၏။-