ဟေရှာယ 66:10 - Common Language Bible10 ယေရုရှလင်မြို့ကိုချစ်မြတ်နိုးသူအပေါင်း တို့၊ သူနှင့်အတူအားရရွှင်လန်းကြလော့။ သူ၏အတွက်ဝမ်းမြောက်ကြလော့။ ထိုမြို့အတွက်ဝမ်းနည်းကြေကွဲနေခဲ့သူ အပေါင်းတို့၊ ယခုပင်သူနှင့်အတူအားရရွှင်လန်းကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible10-11 ယေ ရု ရှ လင် မြို့ ကို စုံ မက် သူ ရှိ သ မျှ တို့၊ ၎င်း မြို့ နှင့် အ တူ ဝမ်း မြောက် ခြင်း၊ ၎င်း မြို့ ကြောင့် ရွှင် လန်း ခြင်း ရှိ ကြ လော့။ ယေ ရု ရှ လင် မြို့ အ တွက် ညည်း တွား သူ ရှိ သ မျှ တို့၊ ထို မြို့၏ နှစ် သိမ့် ခြင်း သား မြတ် ကို စို့၍ ရောင့် ရဲ ခွင့်၊ စည်း စိမ် ခံ စား ခြင်း ရင် နို့ သောက်၍၊ မွေ့ လျော် ခွင့် ရ ကြ ရန် ထို မြို့ နှင့် အ တူ အား ရ ရွှင် လန်း ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible10 ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင်မြို့အတွက် စိတ်မသာညည်းတွားသော သူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဂျေရုဆလင်မြို့ကိုချစ်သောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ဂျေရုဆလင်မြို့အတွက် ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အခန်းကိုကြည့်ပါ။ |
ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။