ဟေရှာယ 37:3 - Common Language Bible3 မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကို ခံရ၍အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည်အချိန်ရောက်သော်လည်း ခွန်အားမရှိသဖြင့် သားမဖွားနိုင်သည့် အမျိုးသမီးနှင့်တူပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible3-5 ဤ နေ့ ကား နှောင့် ရှက် ခြိမ်း ချောက် ကဲ့ ရဲ့ ရာ နေ့ ဖြစ် လေ ပြီ။ သား ဖွား ချိန် စေ့ သော် လည်း ဖွား နိုင် ရန် အား မ ရှိ လေ စွ။ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ကဲ့ ရဲ့ စေ ရန်၊ အာ ရှု ရိ ဘု ရင် စေ လွှတ် လိုက် သော ကျေး ကျွန် ဖြစ် သူ ရာ ဗ ရှာ ခ စ ကား ကို ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကြား၍ ဆုံး မ ကောင်း ဆုံး မ တော် မူ လိမ့် မည်။ ထို့ ကြောင့် ကြွင်း ကျန် သူ တို့ အ ဖို့ ပ ဌ နာ ပြု တော် မူ ပါ ဟူ၍ ဟေ ဇ ကိ မင်း တောင်း ပန် ချက် ကို ကျေး ကျွန် တို့ လာ ရောက် လျှောက် ထား ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible3 ဟေဇကိမင်းမှာထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောနေ့ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကို ဖွားနိုင်အောင်ခွန်အားမရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။ အခန်းကိုကြည့်ပါ။ |
ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။
ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။