မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကို ခံရ၍အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည်အချိန်ရောက်သော်လည်း ခွန်အားမရှိသဖြင့် သားမဖွားနိုင်သည့် အမျိုးသမီးနှင့်တူပါ၏။-
ဟေရှာယ 66:7 - Common Language Bible ငါ၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်သည် သားဖွားခြင်းဝေဒနာကိုလုံးဝမခံရ ဘဲ ရုတ်တရက်သားရတနာကိုဖွားမြင် သည့်မိခင်နှင့်တူ၏။- Garrad Bible ဇိ အုန် မြို့ သည် ဝေ ဒ နာ မ ခံ မီ မျက် နှာ မြင် ခွင့်၊ ဝေ ဒ နာ မ ခံ စား မီ သား ယောက်ျား ဖွား ခွင့် ရ လေ ပြီ။ Judson Bible ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို မခံမီ သားကိုဖွား၏။ ဝေဒနာခံချိန်မရောက်မီ သားယောက်ျားကို မြင်၏။ မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်သမီးသည် သားဖွားဝေဒနာမခံရမီ သားဖွား၏။ ဗိုက်မနာမီ သားယောက်ျားကို မွေးဖွား၏။ |
မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကို ခံရ၍အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည်အချိန်ရောက်သော်လည်း ခွန်အားမရှိသဖြင့် သားမဖွားနိုင်သည့် အမျိုးသမီးနှင့်တူပါ၏။-
အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
အမျိုးသမီးတစ်ဦးသည်မီးဖွားချိန်ရောက် သောအခါဝေဒနာပြင်းစွာခံစားရ၏။ မီး ဖွားပြီးသောအခါ၌မူကားလောကသို့လူ တစ်ယောက်ဖွားမြင်လာသဖြင့် မိမိခံစား ခဲ့ရသောဝေဒနာကိုသတိမရတော့ပေ။-
သို့ရာတွင်ကောင်းကင်ဘုံဆိုင်ရာယေရုရှလင် မြို့ကား လွတ်လပ်သောမြို့ဖြစ်၍ငါတို့၏မိခင် ဖြစ်၏။-