မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ဟေရှာယ 66:3 - Common Language Bible လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။- Garrad Bible နွား ကို စီ ရင် သော သူ သည်၊ လူ ကို သတ် ခြင်း၊ သိုး ကို ယဇ် ပူ ဇော် သော သူ သည်၊ ခွေး လည် ကို ချိုး ခြင်း၊ ဘော ဇဉ် သ က္ကာ ကို ဆက် ကပ် သော သူ သည်၊ ဝက် သွေး ကို ဆက် ကပ် ခြင်း၊ လော ဗန် ကို မီး ရှို့ သော သူ သည်၊ ရုပ် တု ကို ရှိ ခိုး ခြင်း ပြု သေး လေ စွ။ ထို သို့ သော သူ တို့ သည် ငါ ခေါ် သော အ ခါ မ ထူး၊ မိန့် ဆို သော အ ခါ နား မ ထောင် ဘဲ လျက်၊ မျက် မှောက် တော် တွင် မ ကောင်း သော အ ကျင့် ကို ကျင့်၍၊ ငါ မ နှစ် သက် ရာ ကို ရွေး ချယ် ကြ သော ကြောင့်၊ ကိုယ့် နည်း လမ်း များ ကို ရွေး ချယ် လျက်၊ ရွံ ရှာ ဘွယ် များ၌ မွေ့ လျော် ကြ သည့် နည်း တူ ငါ လည်း၊ သူ တို့ အ ဖို့ ထင် မြင် ရာ များ ကို ရွေး ချယ် လျက်၊ ကြောက် လန့် သော ဘေး များ ကို လည်း သင့် ရောက် စေ မည် ဟု မိန့် တော် မူ၏။ Judson Bible တစ်ဖန် မိန့်တော်မူသည်ကား၊ နွားကိုသတ်သောသူသည် လူကိုသတ်သောသူနှင့် တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကို ဖြတ်သောသူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့် တူ၏။ လောဗန်ကို မီးရှို့သောသူသည် ရုပ်တုကို ကောင်းချီးပေးသောသူနှင့် တူ၏။ အကယ်စင်စစ် ထိုသူတို့သည် မိမိအလိုရှိရာလမ်းကို ရွေးကြ၏။ မိမိဆိုးညစ်သော အမှုတို့၌ မွေ့လျော်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။ |
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
ငါသည်သူတို့၏အပြစ်များနှင့်လောဘ လွန်ကူးမှုများအတွက်အမျက်ထွက်သဖြင့် သူတို့အားအပြစ်ဒဏ်ခတ်၍သူတို့ထံမှ လွှဲရှောင်ခဲ့၏။ သို့သော်လည်းသူတို့သည်ခေါင်း မာလျက် မိမိတို့ပြုလိုရာပင်ပြုကျင့်လျက် နေကြ၏။
ဋ္ဌားနှင့်အသေသတ်ခြင်းခံရလိမ့်မည်။ သင် တို့သည်ငါခေါ်သောအခါမထူးကြ။ ငါ ပြောသောအခါနားမထောင်ကြ။ သင်တို့ သည်ငါ၏ရှေ့တွင်ဒုစရိုက်ပြုလျက် ငါမ နှစ်သက်သောအရာကိုလုပ်ဆောင်ကြ၏။-
ခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။-
ထာဝရဘုရားက``ရုပ်တုများကိုဝတ်ပြု ကိုးကွယ်ရန်နှင့်ဥယျာဉ်နတ်ကွန်းများသို့ သွားရောက်ရန်အတွက် မိမိတို့ကိုယ်ကိုသန့် စင်မှုပြုသူများ၊ ဝက်သားကြွက်သားနှင့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အစား အစာများကိုစားသုံးသူများပျက်သုဉ်း ရမည့်အချိန်ကာလသည်နီးကပ်လာလေ ပြီ။-
ရှေဘပြည်မှသူတို့ယူဆောင်လာသောလော်ဗန် ကိုသော်လည်းကောင်း၊ ဝေးလံရပ်ခြားမှယူဆောင် လာသည့်နံ့သာပေါင်းကိုသော်လည်းကောင်းငါ အလိုမရှိ။ သူတို့၏ပူဇော်သကာများကိုငါ လက်မခံ၊ သူတို့ယဇ်ပူဇော်ခြင်းများကိုငါ မနှစ်သက်'' ဟုမိန့်တော်မူ၏။-
အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။-
ထိုအခါဟ္ဂဲကထိုနည်းတူစွာဤတိုင်း ပြည်သားများတို့နှင့် သူတို့လုပ်ဆောင် သမျှသောအမှုအရာတို့သည်ညစ်ညမ်း သဖြင့် ယဇ်ပလ္လင်ပေါ်တွင်သူတို့တင်လှူသည့် ပူဇော်သကာမှန်သမျှသည်လည်း ညစ်ညမ်း ကြောင်းထာဝရဘုရားမိန့်တော်မူပါ ၏'' ဟုဆိုလေသည်။
ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
သင်တို့ရွေးချယ်ထားသည့်အခြားဘုရား များထံသို့သွား၍အော်ဟစ်ကြလော့။ သင် တို့ဒုက္ခရောက်ရာကာလ၌ထိုဘုရားတို့ သည်သင်တို့အားကယ်ဆယ်ပါလေစေ။''
ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊ တိုင်းပြည်တွင်စစ်ဖြစ်လေ၏။ ဣသရေလနိုင်ငံတွင်လူပေါင်းလေးသောင်း ရှိသည့် အနက်ဒိုင်းလွှားတစ်ခုသို့မဟုတ်၊ လှံတစ်ချောင်းကိုကိုင်ဆောင်သူရှိပါ၏လော။