ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ မိုး ကောင်း ကင် သည် ငါ့ ပ လ္လင်၊ မြေ ကြီး သည် ငါ့ ခြေ တင် ရာ ဖြစ် သည် နှင့်၊ မည် သို့ သော ဗိ မာန် ကို ငါ့ အ ဖို့ တည် ဆောက် ကြ မည် နည်း။ မည် သို့ သော နေ ရာ၌ ငါ ကိန်း ဝပ် ရာ ကို ဖြစ် စေ ကြ မည် နည်း။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံ ဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဖို့တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာအရပ် ဖြစ်မည်နည်း။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-
ကျွန်ုပ်တို့၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်သည်ဖြစ်၍ ကျွန်ုပ်သည်ကြီး ကျယ်ခမ်းနားသည့်ဗိမာန်တော်ကိုတည် ဆောက်ရန်ရည်ရွယ်ပါ၏။-
``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။-
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။
``ငါတို့သည်ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့။ ပလ္လင်တော်ရှေ့တွင်ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်ကြကုန်အံ့'' ဟုငါတို့ဆိုကြ၏။
ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
ငါမတွေ့မမြင်နိုင်သောအရပ်တွင်အဘယ် သူမျှပုန်းကွယ်၍မနေနိုင်။ ``ငါသည်ကောင်း ကင်ဘုံနှင့်ကမ္ဘာမြေကြီးပေါ်ရှိအရပ် တကာတွင်ရှိတော်မူကြောင်းကိုသင်တို့ မသိကြသလော။-''
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
ဤအရပ်တွင်ဗိမာန်တော်ထက်ကြီးမြတ်သော အရာရှိ၏ဟုသင်တို့အားငါဆို၏။-
ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကမ္ဘာလောကကြီးနှင့်တကွကမ္ဘာပေါ်တွင်ရှိ သမျှသောအရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသည် မိုးမြေကိုစိုးပိုင်တော်မူသော အရှင်ဖြစ်၍လူ့လက်ဖြင့်ဆောက်လုပ်သည့် ဘုံဗိမာန်တွင်ကျိန်းဝပ်တော်မမူ။-