ရှောလမုန်မင်း၏အမိန့်တော်အရထို ချွေးတပ်သားတို့သည် ဗိမာန်တော်တိုက်မြစ် အတွက်ကျောက်တုံးကြီးများကိုဆစ်ရ ကြ၏။-
ဟေရှာယ 54:11 - Common Language Bible ``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။ Garrad Bible လှိုင်း ပုတ်၍ ချမ်း သာ မ ရ သော အ ချင်း ဆင်း ရဲ သူ၊ သင့် တိုက် ကျောက် များ ကို ခ နောက် စိမ်း သ တ္တု နှင့် ချယ် သား လျက်၊ တိုက် မြစ် အ ဖြစ်၊ နီ လာ ကို ချ ထား မည်။ Judson Bible အို ညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်းတိုက်ခြင်းကိုခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏တိုက်ကို ဟင်္သာပဒါးသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။ |
ရှောလမုန်မင်း၏အမိန့်တော်အရထို ချွေးတပ်သားတို့သည် ဗိမာန်တော်တိုက်မြစ် အတွက်ကျောက်တုံးကြီးများကိုဆစ်ရ ကြ၏။-
ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
မင်းကြီးသည်ဗိမာန်တော်ကိုလှပသော ကျောက်မျက်ရတနာများဖြင့်ချယ်လှယ်၍ ပါရဝိမ်ပြည်မှတင်သွင်းသောရွှေဖြင့်မွမ်း မံတော်မူ၏။-
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။-
ထိုအရပ်တွင်ထာဝရဘုရား၏ကောင်းကင် တမန်သည်ချုံတစ်ခုအလယ်မှ မီးတောက် လောင်နေသည့်မီးလျှံအသွင်ဖြင့်ထွက်လာ၍ မောရှေအားထင်ရှားပြ၏။ ချုံသည်မီးတောက် နေသော်လည်းလောင်ကျွမ်းခြင်းမရှိကြောင်း မောရှေတွေ့မြင်ရ၏။-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။
ဖိလိတ္တိပြည်မှရောက်ရှိလာသောသံတမန် တို့အား ငါတို့အဘယ်သို့ပြန်ကြားရပါ မည်နည်း။ ထာဝရဘုရားသည်ဇိအုန်မြို့ ကိုတည်တော်မူပြီဖြစ်၍ ထိုမြို့တွင်ကိုယ် တော်၏ဒုက္ခသည်လူစုသည်ဘေးမဲ့လုံခြုံ မှုကိုရရှိကြတော့မည်ဖြစ်ကြောင်း သူတို့ အားငါတို့ပြောကြားကြကုန်အံ့။
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။
သို့ရာတွင်ယေရုရှလင်မြို့သူမြို့သားတို့က ``ထာဝရဘုရားသည်ငါတို့ကိုစွန့်ပစ်တော် မူပြီ။ ကိုယ်တော်သည်ငါတို့အားမေ့လျော့တော်မူပါပြီ တကား'' ဟုဆိုကြ၏။
ဒုက္ခရောက်လျက်နေသောအချင်းယေရုရှလင် မြို့သူမြို့သားတို့၊ သေသောက်ကြူးသဖွယ် ယိမ်းယိုင်လျက်နေကြသူတို့၊
ထိုစပျစ်ရည်ကိုသင်တို့အားညှဉ်းဆဲနှိပ်စက် သူများ၊ သင်တို့အားလမ်းများပေါ်တွင်လဲလျောင်းစေ၍၊ မြေမှုန့်သဖွယ်ခြေနှင့်နင်းကြသူများအား ငါပေးအပ်မည်'' ဟုမိန့်တော်မူပါ၏။
သင်၏ပြအိုးများကိုပတ္တမြားဖြင့်လည်းကောင်း၊ သင်၏တံတိုင်းတို့ကိုကျောက်မျက်ရတနာ များဖြင့်လည်းကောင်း၊ သင်၏နံရံများကိုအဖိုးတန်ရတနာ များဖြင့်လည်းကောင်း၊ပြန်လည်တည်ဆောက်မည်။
အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။ သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။
``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။
သင်တို့၏ရန်သူများက`ဇိအုန်မြို့သည် အပယ်ခံဖြစ်လေပြီ။ ထိုမြို့ကိုအဘယ်သူမျှဂရုမစိုက်ကြတော့' ဟုဆိုသော်လည်း ငါသည်သင်တို့အားတစ်ဖန်ပြန်၍ကျန်းမာ လာစေမည်။ သင်တို့၏အနာများကိုကျက်စေမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''
ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူတစ်ဦးထိုင်နေ၏။-
ငါသည်အသက်ရှင်သောသတ္တဝါ တို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးကိုကြည့် လိုက်ရာ နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့် တူသောအရာကိုမြင်ရ၏။-
ယေရုရှလင်မြို့သားတို့၊ မြို့ရိုးများကို အသစ်ပြန်၍တည်ဆောက်ရသောအချိန် ရောက်လာပြီ။ ထိုအခါ၌သင်တို့၏နယ် မြေကျယ်ပြန့်လာမည်။-
အိုင်ထဲတွင်ရုတ်တရက်လေမုန်တိုင်းကျလာသဖြင့် လှေသည်လှိုင်းတံပိုးများထဲတွင်နစ်လုမတတ် ရှိတော့၏။ သို့ရာတွင်ကိုယ်တော်ကားအိပ်စက် လျက်နေတော်မူ၏။-
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
သင်တို့သည်လည်းတမန်တော်များနှင့်ပရောဖက် များချမှတ်ခဲ့သည့်တိုက်မြစ်အပေါ်တွင်တည် ဆောက်လျက်ရှိသည့်အဆောက်အအုံဖြစ်ကြ၏။ ထိုအဆောက်အအုံ၏အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကားခရစ်တော်ယေရှုပင်ဖြစ် သတည်း။-
ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-