Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မိက္ခာ 7:11 - Common Language Bible

11 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-13 နေ ထိုင် သူ တို့ အ တွက် ကြောင့် လည်း ကောင်း၊ အ ပြု အ မူ၏ အ ကျိုး ဆက် ကြောင့်လည်း ကောင်း၊ နေ ပြည် ဆိတ် ညံ ရာ ရောက် ပြီး ဖြစ် သော် လည်း၊ သင့် မြို့ ရိုး ကို တည် ရ သော နေ့ ရက် ရောက် တော့ မည်။ ထို နေ့ ရက်၌၊ သင့် နယ် နိ မိတ် များ ကို ကျယ် စေ မည့် အ လျောက်၊ အာ ရှု ရိ ပြည် နှင့် အိ ဂျစ် မြို့ ရွာ များ၌လည်း ကောင်း၊ အိ ဂျစ် ပြည် မှ ဥ ဖ ရတ် မြစ် တိုင် အောင်လည်း ကောင်း၊ ပင် လယ် တစ် သွယ် မှ တစ် သွယ် တိုင် အောင် လည်း ကောင်း၊ တောင် တစ် လုံး မှ တစ် လုံး တိုင် အောင်လည်း ကောင်း၊ ကွဲ လွင့် သူ တို့ ပြန် ရောက် ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်၏​မြို့​ရိုး​တည်​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ အ​မိန့်​တော်​အ​ရှိန် ကုန်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင့်​မြို့ရိုး တည်ဆောက်​ရ​သော​နေ့ ရောက်​လိမ့်မည်​။ ထို​နေ့​တွင် သင့်​နယ်မြေ ကျယ်ဝန်း​လာ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိက္ခာ 7:11
12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊-


ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။


သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။


သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။


``အို ယေ​ရု​ရှ​လင်​မြို့၊ဒုက္ခ​ရောက်​လျက်၊ အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ၊ နှစ်​သိမ့်​မည့်​သူ မ​ရှိ​သည့်​မြို့၊ ငါ​သည်​သင်​၏​အုတ်​မြစ်​များ​ကို​အ​ဖိုး​တန် ကျောက်​များ​ဖြင့်​ပြန်​လည်​တည်​ဆောက်​မည်။


သင်​နေ​ထိုင်​သည့်​တဲ​ကို​တိုး​ချဲ့​ပါ​လော့။ တဲ​၏​ကု​လား​ကာ​များ​ကို​ဆန့်​ထုတ်​လော့၊ မ​တွန့်​ဆုတ်​နှင့်။ တဲ​ကြိုး​တို့​ကို​ရှည်​အောင်​ပြု​၍​ပန္နက်​တိုင်​များ​ကို ခိုင်​မြဲ​အောင်​ရိုက်​လော့။


သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ ပျက်​စီး​ယို​ယွင်း​နေ​ခဲ့​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​၍​အ​သစ်​ပြု​ပြင် ကြ​လိမ့်​မည်။


ယ​ခု​ဖော်​ပြ​မည့်​အ​ချက်​ကို​သ​တိ​ပြု ၍​နား​လည်​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန် လည်​တည်​ထောင်​ရန်​အ​မိန့်​ပေး​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​သည့်​ခေါင်း​ဆောင် ပေါ်​လာ​ချိန်​အ​ထိ နှစ်​ပေါင်း​ခု​နစ်​နှစ်​နှင့် ခု​နစ်​လီ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည် လမ်း​များ၊ ခိုင်​ခံ့​သော​မြို့​ရိုး​များ​နှင့်​ပြန် လည်​တည်​ထောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ခု​နစ်​လီ​ကြာ​အောင်​တည်​လိမ့်​မည်။ သို့ ရာ​တွင်​ထို​ကာ​လ​သည်​ဒု​က္ခ​များ​ရာ ကာ​လ​ဖြစ်​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ