Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 29:2 - Common Language Bible

2 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ငါ သည် ငါ့ ဘု ရား သ ခင့် ဗိ မာန် တော် တည် ဆောက် ရန် ရွှေ ထည် အ ဖို့ ရွှေ၊ ငွေ ထည် အ ဖို့ ငွေ၊ ကြေး ထည် အ ဖို့ ကြေး၊ သံ ထည် အ ဖို့ သံ၊ သစ် သား ထည် အ ဖို့ သစ် သား များ မှ စ၍ ခြယ် စီ ရန် မ ဟူ ရာ ကျောက်၊ ခ နောက် စိမ်း ကျောက်၊ ရောင် စုံ ကျောက်၊ ကျောက် မျက် အ မျိုး မျိုး နှင့် ကျောက် ဖြူ ပြား များ စွာ ပြင် ဆင် ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ရွှေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ကြေး​ဝါ​ကို​လည်း​ကောင်း၊ သံ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သံ​ကို​လည်း​ကောင်း၊ သစ်​သား​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သစ်​သား​ကို​လည်း​ကောင်း၊ ရှ​ဟံ​ကျောက်​နှင့် အ​ရောင်​မျိုး​ထွက်၍ စီ​စ​ရာ​ဖို့ ကောင်း​သော​ကျောက်၊ အ​ဖိုး​ထိုက်​သော​ကျောက်​မျိုး၊ များ​စွာ​သော ကျောက်​ဖြူ​တို့​ကို​လည်း​ကောင်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ငါ​ပြင်​ဆင်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထို့ကြောင့် ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ​၊ ကြေး​ထည်​အတွက် ကြေး​၊ သံ​ထည်​အတွက် သံ​၊ ပျဉ်ပြား​များ​အတွက် သစ်သား​၊ မဟူရာကြောင်ဝင်​ကျောက်​များ​၊ စီချယ်စရာ​ကျောက်​များ​၊ စိမ်းပြာရောင်​ကျောက်​များ​၊ ရောင်စုံ​ကျောက်​များ​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​နှင့် ကျောက်ဖြူ​အမြောက်အမြား​တို့​ကို ငါ​တတ်စွမ်း​နိုင်​သမျှ ပြင်ဆင်​ထား​ပေး​ခဲ့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 29:2
22 ပူးပေါင်းရင်းမြစ်များ  

(ဤ​အ​ရပ်​တွင်​ရွှေ​စင်​ထွက်​၏။ အ​ဖိုး​ထိုက်​တန် သော​နံ့​သာ​နှင့်​ကျောက်​မျက်​ရ​တ​နာ​လည်း ထွက်​၏။-)


ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။


ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-


မင်း​ကြီး​သည်​ဗိ​မာန်​တော်​ကို​လှ​ပ​သော ကျောက်​မျက်​ရ​တ​နာ​များ​ဖြင့်​ချယ်​လှယ်​၍ ပါ​ရ​ဝိမ်​ပြည်​မှ​တင်​သွင်း​သော​ရွှေ​ဖြင့်​မွမ်း မံ​တော်​မူ​၏။-


ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။


ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။


ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက်​လေး​တန်း​တပ် ဆင်​ထား​ရ​မည်။ ပ​ထ​မ​အ​တန်း​တွင်​ပတ္တ​မြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-


စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​တို့ ကို​ရွှေ​ပန်း​ထည်​များ​၌​ထည့်​သွင်း​ထား​ရ​မည်။-


မ​ဟူ​ရာ​ကျောက်​နှစ်​လုံး​ကို​ယူ​၍၊ ၎င်း​တို့​အ​ပေါ် တွင် ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏ နာ​မည်​များ​ကို​ထွင်း​ရ​မည်။-


စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-


သူ​တို့​သည်​မ​ဟူ​ရာ​ကျောက်​များ​ကို​သွေး​၍ ရွှေ​ပန်း​ထည်​၌​ထည့်​ပြီး​လျှင်၊ ယာ​ကုပ်​၏ သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​နာ​မည်​များ ကို​ကျောက်​များ​ပေါ်​တွင်​ထွင်း​ထား​လေ​သည်။-


ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။


ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-


ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။-


အ​ဘယ်​အ​မှု​ကို​ပြု​သည်​မ​ဆို​သင်​တို့​သည် လူ​၏​အ​လို​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​၏ အ​လို​ကို​ဆောင်​ရွက်​သ​ကဲ့​သို့​အ​စွမ်း​ရှိ သ​မျှ​ဖြင့်​လုပ်​ဆောင်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ