သို့မှသာထာဝရဘုရားတစ်ပါးတည်းသာ လျှင်ဘုရားဖြစ်ကြောင်း၊ အခြားဘုရားမရှိ ကြောင်းကိုကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ သိရှိကြပါလိမ့်မည်။-
ဟေရှာယ 45:5 - Common Language Bible ``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားအဘယ်ဘုရားမျှမရှိ။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင်လိုအပ်သောခွန်အားစွမ်းရည်ကိုပေးမည်။ Garrad Bible ငါ သာ လျှင်၊ ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ နေ ထွက် ရာ အ ရပ် နှင့် နေ ဝင် ရာ အ ရပ် သား တို့ သည်၊ ငါ မှ တစ် ပါး အ ခြား ဘု ရား မ ရှိ ကြောင်း ကိုလည်း ကောင်း၊ ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကိုလည်း ကောင်း၊ သိ ကြ စေ ခြင်း ငှာ၊ ငါ့ ကို သင် မ သိ လျက် ပင်၊ သင့် ခါး ကို ငါ စည်း တော် မူ ပြီ။ Judson Bible ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုခွန်အားနှင့်ပတ်စည်းမည်။ |
သို့မှသာထာဝရဘုရားတစ်ပါးတည်းသာ လျှင်ဘုရားဖြစ်ကြောင်း၊ အခြားဘုရားမရှိ ကြောင်းကိုကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ သိရှိကြပါလိမ့်မည်။-
ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
ထာဝရဘုရားသည်သာလျှင်ဘုရားဖြစ် တော်မူ၏။ ဘုရားသခင်သည်သာလျှင်ငါတို့ကွယ်ကာရာ ဖြစ်တော်မူ၏။
ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။
ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
ကိုယ်တော်သည်တန်ခိုးကြီးတော်မူ၍ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူပါ၏။ ကိုယ်တော်သာလျှင်ဘုရားဖြစ်တော်မူပါ၏။
ကမ္ဘာလောကတစ်ခုလုံး၌ငါကဲ့သို့သော ဘုရားမရှိကြောင်း သင်သိစေရန်ယခုအကြိမ် တွင်သင်နှင့်သင်၏မှူးမတ်ပြည်သူတို့အား ငါ ကိုယ်တိုင်ကပ်သင့်စေမည်။-
သင်ရာထူးအလျောက်ဝတ်ဆင်ရသည့်ဝတ် လုံကိုသူ့အားဝတ်ဆင်စေ၍ သင်၏ခါးစည်း ကိုစည်းစေလော့။ သင်ရရှိခဲ့သောအခွင့် အာဏာရှိသမျှကိုအပ်နှင်းမည်။ ထိုသူ သည်ယေရုရှလင်မြို့သူမြို့သားများနှင့် ယုဒပြည်သူတို့အတွက် ဖခင်သဖွယ် ဖြစ်လိမ့်မည်။-
အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၏အသိသက်သေများတည်း။ သင်တို့ငါ့အားသိကျွမ်းယုံကြည် ကြစေရန်လည်းကောင်း၊ ငါသည်တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း သိရှိနားလည်ကြစေရန်လည်းကောင်း၊ ငါသည်သင်တို့အားငါ၏အစေခံလူမျိုး အဖြစ် ရွေးချယ်ခဲ့ပေသည်။ ငါမှတစ်ပါးအခြားဘုရားမရှိ။ အဘယ်အခါကမျှမရှိခဲ့။ နောင်ကိုလည်း ရှိလိမ့်မည်မဟုတ်။
ဣသရေလအမျိုးကိုအစိုးရ၍ကာကွယ် စောင့်ရှောက်တော်မူသောထာဝရဘုရား၊ အနန္တတန်ခိုးရှင်ထာဝရဘုရားက ``ငါသည်ကပ်ကာလအစမှအဆုံးတိုင် အောင် တည်နေတော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော် မူ၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
ကုရုဘုရင်သည်ထာဝရဘုရားရွေးချယ် ပေးတော်မူသောသူဖြစ်ပါသည်တကား။ ထာဝရဘုရားသည်လူမျိုးတကာတို့ကို နှိမ်နင်းအောင်မြင်ရန်သူ့အားခန့်ထားတော် မူ၏။ ကိုယ်တော်သည်ပြည်ရှင်မင်းတို့၏တန်ခိုး အာဏာကို ရုပ်သိမ်းရန်သူ့အားစေလွှတ်တော်မူပြီ။ ထာဝရဘုရားသည်သူ့အတွက်မြို့တံခါး များကို ဖွင့်ပေးတော်မူမည်။ ထာဝရဘုရားကကုရုဘုရင်အား
ငါဤသို့ပြုရခြင်းအကြောင်းမှာငါသည် ထာဝရဘုရားဖြစ်၍၊ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိကြောင်းကို ကမ္ဘာမြေကြီးတစ်စွန်းမှ အခြားတစ်စွန်းသို့တိုင်အောင်၊ ရှိသမျှသောလူတို့သိရှိလာကြစေရန် ပင်ဖြစ်၏။
ရှေးပဝေသဏီအခါကဖြစ်ပျက်ခဲ့သည့် အမှုကို အောက်မေ့သတိရကြလော့။ ငါတစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါနှင့်တူသောအခြားဘုရားမရှိကြောင်း ကိုလည်းကောင်းသိမှတ်ဝန်ခံကြလော့။
``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။
ထိုနောက်ဗာဗုလုန်ဘုရင်အားခွန်အား ကြီးမားလာစေ၍ သူ၏လက်သို့ငါ၏ဋ္ဌား ကိုပေးအပ်မည်။ သို့ရာတွင်အီဂျစ်ဘုရင် ၏လက်ရုံးတို့ကိုမူငါချိုးမည်။ သူသည် ညည်းတွားမြည်တမ်းလျက် မိမိရန်သူ၏ ရှေ့မှောက်တွင်သေရလိမ့်မည်။-
အို ဣသရေလအမျိုးသားတို့ငါသည် သင်တို့အလယ်၌ ရှိနေတော်မူကြောင်းကိုလည်းကောင်း၊ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍၊ ငါမှတစ်ပါးအခြားဘုရားမရှိကြောင်းကို လည်းကောင်း၊ ထိုအခါသင်တို့သိရှိကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါမျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
`` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-
သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-