ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
ဟေရှာယ 43:7 - Common Language Bible သူတို့သည်ငါပိုင်သည့်လူမျိုးတော် ငါ၏ဘုန်းအသရေကိုဆောင်ရန် ငါဖန်ဆင်းထားသူများဖြစ်ပေသည်'' ဟု မိန့်တော်မူ၏။ Judson Bible ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
သင်တို့သည်ငါပေးသနားမည့်သားသမီး များကိုတွေ့မြင်ကြရလိမ့်မည်။ ထိုအခါ ငါသည်ဣသရေလအမျိုးသားတို့၏သန့် ရှင်းမြင့်မြတ်သောဘုရားဖြစ်တော်မူကြောင်း သင်တို့သိမှတ်ကြလိမ့်မည်။ ငါ့အားလေးစား ကြည်ညိုကာရိုသေလေးစားကြောက်ရွံ့ကြ လိမ့်မည်။-
အို ဣသရေအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရ ဘုရားက ``မကြောက်ကြနှင့်။ သင်တို့ကိုငါကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားနာမည်တပ်၍ငါခေါ်ယူပြီ။ သင်တို့ကိုငါပိုင်၏။
ထိုလူမျိုးတော်ကားမိမိအဖို့ငါ ဖန်ဆင်းခဲ့သူများဖြစ်၏။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
ငါသည်သင်တို့လွတ်မြောက်ရန်အချိန်ကာလ ကို နီးကပ်၍လာစေမည်။ ထိုကာလသည်လုံးဝမဝေးတော့ပြီ။ ငါသည်ကယ်တင်ခြင်းကျေးဇူးကိုလည်း ဆိုင်းငံ့၍ ထားလိမ့်မည်မဟုတ်။ ယေရုရှလင်မြို့ကိုငါကယ်တင်၍၊ ဣသရေလ အမျိုးသားတို့အားဂုဏ်အသရေရှိစေမည်။''
ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရင် မဟုတ်ဘိသကဲ့သို့လည်းကောင်း၊ ကျွန်တော် မျိုးတို့သည်ကိုယ်တော်ရှင်၏လူမဟုတ်ဘိ သကဲ့သို့လည်းကောင်းကျွန်တော်မျိုးတို့ကို ကိုယ်တော်ရှင်ဆက်ဆံတော်မူပါ၏။
အဘယ်ကြောင့်ကိုယ်တော်ရှင်သည် အငိုက်မိသူကဲ့သို့လည်းကောင်း၊ ကူမနိုင်စွမ်းမရှိသည့်စစ်သူရဲကဲ့သို့ လည်းကောင်း ဖြစ်တော်မူပါသနည်း။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အမှန်ပင် ကျွန်တော်မျိုးတို့နှင့်အတူရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ နာမတော်ကိုဆောင်သောသူဖြစ်ကြပါ၏။ ကျွန်တော်မျိုးတို့အားစွန့်ပစ်တော်မမူပါ နှင့်' ဟုလျှောက်ထားကြ၏။''
ထိုအချိန်ကာလကျရောက်လာသောအခါ ယုဒပြည်သူတို့သည်ကယ်ဆယ်ခြင်းကိုခံရ ကြလိမ့်မည်။ ယေရုရှလင်မြို့သူမြို့သားတို့ သည်လည်းဘေးမဲ့လုံခြုံစွာနေထိုင်ရကြ လိမ့်မည်။ မိမိတို့မြို့တော်ကို`ငါတို့အား ကယ်တင်တော်မူသောထာဝရဘုရား' ဟူ၍ခေါ်ဝေါ်သမုတ်ကြလိမ့်မည်။-
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။
သို့ဖြင့်ဣသရေလအမျိုးသားတို့သည် ကျန်ကြွင်းသမျှသောဧဒုံပြည်ကိုလည်း ကောင်း၊ တစ်ချိန်ကငါပိုင်စိုးခဲ့သောနိုင်ငံ တိုင်းကိုလည်းကောင်းပြန်လည်သိမ်းပိုက်ခွင့် ရလိမ့်မည်'' ဟုဤအမှုကိုဖြစ်စေမည့် ထာဝရဘုရားမိန့်တော်မူပြီ။
သင်တို့သည်များစွာသောအသီးသီးခြင်း အားဖြင့် ငါ့ခမည်းတော်၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေ၏။ ဤနည်းအားဖြင့် သင်တို့သည်ငါ၏တပည့်များဖြစ်လာကြ ၏။-
သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
လူတစ်စုံတစ်ယောက်သည်အရေဖျားလှီးမင်္ဂ လာခံသည်မခံသည်မှာ အရေးမကြီးပေ။ သတ္တဝါ သစ်ဖြစ်ခြင်းသာလျှင်အရေးကြီး၏။-
သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။
ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။
ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-