ဘုန်းအသရေရှိတော်မူသောနာမတော် အကြောင်းကို သီချင်းဆိုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်ကို ထောမနာပြုကြလော့။
ဟေရှာယ 42:8 - Common Language Bible ``ငါတစ်ပါးတည်းသာလျှင်သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။ ငါ၏ဘုန်းအသရေကိုအခြားအဘယ် ဘုရားမျှ ခံယူရလိမ့်မည်မဟုတ်။ ငါသည်မိမိအားရုပ်တုများနှင့်အတူထောမနာ ပြုခွင့်ကိုလည်းပေးလိမ့်မည်မဟုတ်။ Garrad Bible ငါ သည် ယေ ဟော ဝါ ဖြစ်၏။ နာ မ တော် ကား ထို သို့ ပင် တည်း။ ငါ့ ဘုန်း တော် ကို သူ တစ် ထူး အား လည်း ကောင်း၊ ငါ့ ဂုဏ် တော် ကို ရုပ် ပွား ဆင်း တု အား လည်း ကောင်း၊ လွှဲ အပ် မည် မ ဟုတ်။ Judson Bible ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအားလည်းကောင်း၊ ငါ့အသရေကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ၏နာမဖြစ်၏။ ငါ၏ဘုန်းအသရေကို အခြားသောသူအားလည်းကောင်း၊ ငါခံထိုက်သောချီးမွမ်းခြင်းကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။ |
ဘုန်းအသရေရှိတော်မူသောနာမတော် အကြောင်းကို သီချင်းဆိုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်ကို ထောမနာပြုကြလော့။
သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။
``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
ထာဝရဘုရားကဣသရေလအမျိုး သားတို့ရှေ့တွင် ထိုသို့ပြုလုပ်ပြလော့။ သို့ မှသာလျှင်သင်သည်သူတို့ဘိုးဘေးတို့၏ ထာဝရအရှင်ဘုရားသခင်၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားကိုဖူးမြင်ခဲ့ရကြောင်းသူတို့ယုံ ကြမည်'' ဟုမိန့်တော်မူ၏။
``ငါတစ်ပါးတည်းသာလျှင်ထာဝရဘုရား ဖြစ်တော်မူ၏။ ငါတစ်ပါးတည်းသာလျှင်သင်တို့အား ကယ်တင်တော်မူနိုင်၏။
အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင် ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကို သင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။
``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။ ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။ ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊ ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။
ကမ္ဘာမြေကြီးကိုပုံသွင်းဖန်ဆင်း၍နေ သားတကျတည်ရှိစေတော်မူသောထာဝရ ဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားက၊-
ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
``သင်တို့သည်ဤကျမ်းတွင်ရေးထားသော ထာဝရဘုရား၏ပညတ်တော်အားလုံး ကို တစ်သဝေမတိမ်းမလိုက်နာလျှင်သော် လည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အံ့သြကြောက်မက်ဖွယ်ကောင်း သောနာမတော်ကို မရိုသေကြလျှင်သော် လည်းကောင်း၊-