ယေရမိ 33:2 - Common Language Bible2 ကမ္ဘာမြေကြီးကိုပုံသွင်းဖန်ဆင်း၍နေ သားတကျတည်ရှိစေတော်မူသောထာဝရ ဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားက၊- အခန်းကိုကြည့်ပါ။Garrad Bible2 ယေ ဟော ဝါ ဟု နာ မ ရှိ လျက် စီ ရင် သော ထာ ဝ ရ ဘု ရား၊ ပြ ဋ္ဌာန်း၍ အ တည် ပြု သော ငါ ထာ ဝ ရ ဘု ရား က၊ အခန်းကိုကြည့်ပါ။Judson Bible2 ဤအမှုကို ပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရား၊ ယေဟောဝါ အမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 “ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရား၊ ပုံဖော်ဖြစ်တည်စေတော်မူသောထာဝရဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားက အခန်းကိုကြည့်ပါ။ |
ဖိလိတ္တိပြည်မှရောက်ရှိလာသောသံတမန် တို့အား ငါတို့အဘယ်သို့ပြန်ကြားရပါ မည်နည်း။ ထာဝရဘုရားသည်ဇိအုန်မြို့ ကိုတည်တော်မူပြီဖြစ်၍ ထိုမြို့တွင်ကိုယ် တော်၏ဒုက္ခသည်လူစုသည်ဘေးမဲ့လုံခြုံ မှုကိုရရှိကြတော့မည်ဖြစ်ကြောင်း သူတို့ အားငါတို့ပြောကြားကြကုန်အံ့။
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။
ကိုယ်တော်ရှင်သည်ထောင်ပေါင်းများစွာသော လူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြ တော်မူခဲ့ပါပြီ။ သို့ရာတွင်လူတို့အား မိမိတို့ဘိုးဘေးများ၏အပြစ်များ အတွက်ဒဏ်ခတ်တော်မူခဲ့ပါ၏။ ကိုယ်တော် ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုးတော် နှင့်ပြည့်စုံတော်မူသည့်ဘုရားဖြစ်တော် မူပါ၏။ ကိုယ်တော်ရှင်သည်အနန္တတန်ခိုး ရှင်ထာဝရဘုရားဖြစ်ပါ၏။-