သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
ဟေရှာယ 4:3 - Common Language Bible ထာဝရဘုရားရွေးချယ်တော်မူခြင်းကိုခံ ရ၍ ယေရုရှလင်မြို့တွင်သက်ရှင်ကျန်ရှိနေ သူမှန်သမျှသည် သန့်ရှင်းမြင့်မြတ်သူများ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား သည် တ ရား စီ ရင် ခြင်း နှင့် မီး လောင် ခြင်း ဖြစ် စေ ရာ လေ ပြင်း တော် အား ဖြင့် ဇိ အုန် သ တို့ သ မီး တို့၏ အ ညစ် အ ကြေး ကိုလည်း ကောင်း၊ ယေ ရု ရှ လင် မြို့ တွင်း မှ အ သွေး သွန်း ပြစ် ကိုလည်း ကောင်း၊ စင် စင် ဆေး ကြော တော် မူ ပြီး လျှင် ဇိ အုန် တောင် နှင့် ယေ ရု ရှ လင် မြို့ တွင် ကျန် ကြွင်း နေ ရစ် သူ တည်း ဟူ သော၊ အ သက် ရှင် ခြင်း အ လို့ ငှာ ရေး သား သ မျှ သော ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ ကို သန့် ရှင်း သူ ဟု ခေါ် ဝေါ် ကြ လ တ္တံ့။ Judson Bible ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်တောင်၌ကြွင်းကျန်သောသူ၊ ဂျေရုဆလင်မြို့၌ကျန်ရစ်သောသူ စသည့် ဂျေရုဆလင်မြို့တွင်အသက်ရှင်သောသူတို့စာရင်း၌ ရေးမှတ်ထားသောသူအားလုံးသည် သန့်ရှင်းသူဟု ခေါ်ဝေါ်ခြင်းခံကြရလိမ့်မည်။ |
သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
ထာဝရဘုရားသည်လူမျိုးတို့ကိုစာရင်း ပြုစုတော်မူလိမ့်မည်။ ယင်းစာရင်းတွင်ပါရှိသောသူအပေါင်း တို့ကို ယေရုရှလင်မြို့သားများအဖြစ်ဖြင့်ထည့်သွင်း ရေးမှတ်တော်မူလိမ့်မည်။
ထာဝရဘုရားသည်ဖြောင့်မှန်တော်မူသည်ဖြစ်၍ ယေရုရှလင်မြို့နှင့်နောင်တရသူမှန်သမျှကိုကယ်တင်တော်မူလိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်အသက် မသေဘဲ ကျန်ရှိခဲ့သည့်မိမိ၏လူမျိုးတော် အတွက် ဘုန်းအသရေတောက်ပသောဦးရစ် သရဖူသဖွယ် ဖြစ်တော်မူမည့်နေ့ရက်ကာလ ကျရောက်လာလိမ့်မည်။-
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှ ကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။ သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။
ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊'' ``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့'' ``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
ဗျာဒိတ်ရူပါရုံအတုများကိုမြင်၍မှား ယွင်းသောကြိုတင်ဟောပြောမှုကိုပြုကြ ၏။ အသင်ပရောဖက်တို့အားငါဒဏ်ခတ် တော်မူအံ့။ သင်တို့သည်ငါ၏လူမျိုးတော် တိုင်ပင်စည်းဝေးရာသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဣသရေလနိုင်ငံသားတို့၏စာရင်း တွင်လည်းသင်တို့၏နာမည်များကိုမသွင်း ရ။ သင်တို့သည်မိမိတို့ပြည်သို့အဘယ် အခါ၌မျှမပြန်ရ။ ထိုအခါငါသည် အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
ဗိမာန်တော်ဆိုင်ရာဥပဒေသကားဗိမာန် တော်တည်ဆောက်ထားရာတောင်ထိပ်တစ်ခု လုံးသည်သန့်ရှင်းမြင့်မြတ်၏ဟူ၍ဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။
``သို့ရာတွင်၊ဇိအုန်တောင်တော်ပေါ်တွင်ဘေး လွတ်သူလူအချို့ရှိလိမ့်မည်။ ထိုတောင်တော်သည်သန့်ရှင်းမြင့်မြတ်ရာ အရပ်ဖြစ်လိမ့်မည်။ ယာကုပ်၏မျိုးဆက်တို့သည်မိမိတို့ ပိုင်ဆိုင်ခွင့်ရှိသည်။ ပြည်တော်ကိုအပိုင်ရကြလိမ့်မည်။
ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-
ထိုအခါမိမိအားကြောက်ရွံ့ရိုသေသော သူတို့အချင်းချင်းပြောဆိုနေကြသည့် စကားများကို ထာဝရဘုရားသည်နား ထောင်လျက်နေတော်မူသဖြင့်ကြားတော် မူ၏။ ထာဝရဘုရားအားကြောက်ရွံ့ရိုသေ သူများ၏စားရင်းကို ရှေ့တော်တွင်စာစောင် တစ်ခု၌ရေးမှတ်ထားရှိ၏။-
သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
လူမျိုးခြားတို့သည်ထိုစကားကိုကြားသော အခါ ရွှင်လန်းဝမ်းမြောက်ကာသခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းပြောဆို ကြ၏။ ထာဝရအသက်ရရှိရန်ရွေးကောက် ခြင်းခံရသူတို့သည်ယုံကြည်သူများဖြစ် လာကြ၏။-
သို့ရာတွင်ဧလိယအားဘုရားသခင်အဘယ် သို့ပြန်၍မိန့်တော်မူသနည်း။ ကိုယ်တော်က``ငါ သည်ဗာလရုပ်တုအားဦးမညွှတ်၊ ရှိမခိုးသူ လူခုနစ်ထောင်ကိုငါ၏အတွက်ချန်ထား ပြီ'' ဟုမိန့်တော်မူ၏။-
ယခုကာလ၌လည်းဤနည်းအတိုင်းပင်။ ဘုရား သခင်၏ကျေးဇူးတော်ကြောင့်ရွေးကောက်ခြင်းခံ ရသူလူအနည်းငယ်ကျန်ရှိ၏။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊-
ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။
သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။-
လူတိုင်းနှင့်ငြိမ်းချမ်းစွာနေနိုင်ရန်ကြိုးစား ကြလော့။ မြင့်မြတ်သန့်ရှင်းခြင်းပါရမီကို ရှာကြလော့။ ထိုပါရမီမရှိလျှင်အဘယ် သူမျှဘုရားသခင်ကိုဖူးမြင်ရလိမ့်မည် မဟုတ်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
သင်မြင်ရသည့်သားရဲသည်အခါတစ်ပါးက အသက်ရှင်ခဲ့သော်လည်း ယခုအသက်မရှင် တော့ပေ။ သူသည်တွင်းနက်ကြီးထဲမှတက်လာ ပြီးလျှင် ဖျက်ဆီးခြင်းခံရပေတော့မည်။ ကမ္ဘာ လောကကိုဖန်ဆင်းတော်မမူမီကပင်လျှင် အသက်စာစောင်စာရင်းတွင်မပါဝင်သူ ကမ္ဘာသူကမ္ဘာသားတို့သည် ထိုသားရဲကို မြင်သောအခါအံ့သြကြလိမ့်မည်။ သူသည် အခါတစ်ပါးကအသက်ရှင်ခဲ့၏။ ယခု အသက်မရှင်တော့သော်လည်းနောက်တစ်ဖန် အသက်ရှင်၍လာဦးမည်။
(ထိုမီးအိုင်ကားဒုတိယသေခြင်းတည်း။) အသက် စာစောင်တွင်စာရင်းမဝင်သူရှိသမျှတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။
သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။
အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။