သက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။-
ဟေရှာယ 27:3 - Common Language Bible ``ငါသည်ဤဥယျာဉ်ကိုအခါမလပ်စောင့် ကြပ်ကြည့်ရှုကာရေလောင်း၏။ အဘယ်သူမျှ မဖျက်ဆီးနိုင်စေရန်နေ့ရောညဥ့်ပါစောင့်ကြပ် ကြည့်ရှု၏။- Garrad Bible ဥ ယျာဉ် မှူး ဖြစ် သော ငါ ထာ ဝ ရ ဘု ရား သည်၊ မ ကြာ မ ကြာ ရေ လောင်း ခြင်း၊ ပျက် ပြား မည် စိုး၍ နေ့ ညဉ့် မ ပြတ် စောင့် ရှောက် ခြင်း များ ကို ပြု ၏။ Judson Bible ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မခြားမလပ် ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်းငှာ၊ နေ့ညမပြတ် စောင့်ရှောက်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါထာဝရဘုရားသည် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ မကြာခဏ ရေလောင်းပေး၏။ မည်သူမျှ မဖျက်ဆီးစေရန် နေ့ညမပြတ် စောင့်ရှောက်၏။ |
သက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။-
``သင်တို့နှင့်လည်းကောင်း၊ သင်တို့မှဆင်းသက်သောမျိုးဆက်များနှင့်လည်းကောင်း၊-
အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဤဆုတောင်းပတ္ထနာနှင့်ပန်ကြားလျှောက်ထား ချက်များကို အခါခပ်သိမ်းအောက်မေ့သတိရ တော်မူပါစေသော။ ကိုယ်တော်သည်ဣသရေလ ပြည်သူများနှင့်ဘုရင်အား နေ့စဉ်လိုအပ်ချက် များနှင့်အညီကရုဏာပြတော်မူပါစေ သော။-
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။ နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။
ငှက်သည်မိမိအသိုက်ထက်တွင်ပျံဝဲကာ သားငယ်ကိုကာကွယ်စောင့်ရှောက်သကဲ့သို့၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ယေရုရှလင်မြို့ကိုကာကွယ်စောင့်ရှောက်၍ ရန်သူကိုခုခံတိုက်ခိုက်တော်မူမည်'' ဟု ငါ့အားမိန့်တော်မူပါ၏။
``ငါထာဝရဘုရားသည်သင့်ကိုခေါ်ယူ၍ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတမှုကို ကျင့်သုံးစေရန် တန်ခိုးကိုပေးတော်မူပြီ။ သင့်အားဖြင့်ငါသည်လူများနှင့်ပဋိညာဉ် ပြုလျက် နိုင်ငံများအပေါ်သို့အလင်းကိုဆောင်စေ မည်။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
ငါသည်သင်တို့၏ဘုရားသခင်ဖြစ်၏။ သင်တို့အိုမင်း၍ဆံပင်ဖြူသည်တိုင်အောင်၊ သင်တို့အားငါကြည့်ရှုစောင့်ရှောက်ပို့ဆောင် မည်။ သင်တို့အားငါကူမမည်။ ကယ်တင်မည်။
ရှေးပဝေသဏီအခါကဖြစ်ပျက်ခဲ့သည့် အမှုကို အောက်မေ့သတိရကြလော့။ ငါတစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါနှင့်တူသောအခြားဘုရားမရှိကြောင်း ကိုလည်းကောင်းသိမှတ်ဝန်ခံကြလော့။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။
``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-
ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်သူတို့၏အလယ်၌ငါ၏ဗိမာန် တော်ကိုအစဉ်အမြဲတည်ရှိစေသောအခါ ငါသည်ဣသရေလအမျိုးသားတို့အား ငါသည်သန့်ရှင်းစေတော်မူကြောင်းကိုလူ မျိုးတကာတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။