ယေဇကျေလ 37:28 - Common Language Bible28 ငါသည်သူတို့၏အလယ်၌ငါ၏ဗိမာန် တော်ကိုအစဉ်အမြဲတည်ရှိစေသောအခါ ငါသည်ဣသရေလအမျိုးသားတို့အား ငါသည်သန့်ရှင်းစေတော်မူကြောင်းကိုလူ မျိုးတကာတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 သူ တို့ ဘောင် တွင်၊ အ မျိုး အ ဆက် ဆက် သန့် ရှင်း ရာ ဌာ န တည် နေ သည့် အ တိုင်း၊ ဣ သ ရေ လ အ မျိုး သား တို့ ကို သီး သန့် ထား သော ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ လူ မျိုး ခြား တို့ သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့အလယ်၌ အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ဤသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့၌ အစဉ်တည်ရှိသောအခါ ငါထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို သန့်ရှင်းစေသောဘုရားဖြစ်ကြောင်း လူမျိုးတကာတို့ သိရလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
လူတို့ရှေ့တွင်သင်တို့အသရေဖျက်ခဲ့သော ငါ၏ကြီးမြတ်သည့်နာမတော်သည် အဘယ် မျှသန့်ရှင်းမြင့်မြတ်သည်ကိုလူမျိုးတကာ တို့အားငါပြသမည်။ ထိုနာမတော်သည် သင်တို့အသရေဖျက်သည့် ငါ၏နာမတော် ဖြစ်သည်။ သူတို့ရှေ့တွင်ငါသည်သန့်ရှင်းမြင့် မြတ်တော်မူကြောင်းသင်တို့အားဖြင့်သိ စေမည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-
ဘုရားသခင်သည်ငါ၏အမျိုးသားတို့အား ပစ်ပယ်တော်မူသောအခါ၌ကမ္ဘာသူကမ္ဘာသား တို့အား မိမိရန်သူများဖြစ်ရာမှမိတ်ဆွေများ ဖြစ်စေတော်မူ၏။ သို့ဖြစ်၍ယုဒအမျိုးသား တို့အားဘုရားသခင်ပြန်လည်လက်ခံတော်မူ သောအခါ၌အဘယ်သို့ဖြစ်လိမ့်မည်နည်း။ သူသေတို့အားအသက်ပြန်၍ရှင်စေသကဲ့ သို့ဖြစ်လိမ့်မည်။
ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါထာဝရဘုရားသည်ပျက်စီး ယိုယွင်းနေသောမြို့တို့ကိုပြန်လည်တည် ဆောက်၍ စွန့်ပစ်ထားသောလယ်ယာများကို ပြန်လည်စိုက်ပျိုးတော်မူကြောင်းကိုသေ ဘေးမှလွတ်မြောက်သောနီးနားဝန်းကျင်ရှိ လူမျိုးတို့သိရှိကြလိမ့်မည်။ ငါထာဝရ ဘုရားသည်ဤအမှုကိုပြုမည်ဟု ကတိ ထားတော်မူပြီ'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-