ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
ဟေရှာယ 24:23 - Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။ Garrad Bible ထို အ ခါ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် တောင်၊ ယေ ရု ရှ လင် မြို့၌ မင်း ပြု ၍၊ လူ မျိုး တော် အကြီး အ ကဲ တို့ ရှေ့ ဘုန်း တော် ရောင် ခြည် လွှတ် တော် မူ သော ကြောင့်၊ စ န္ဒ သည် မျက် နှာ ပျက်၍၊ သူ ရိ ယ လည်း အ ရှက် ကွဲ လိမ့် သ တည်း။ Judson Bible လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော်မူလတ္တံ့။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။ |
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
မိရိအံက၊ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
သင်တို့သည်အလွန်ကြီးမားကျယ်ဝန်း သောနယ်မြေတွင်ခမ်းနားသိုက်မြိုက်စွာ အုပ်စိုးလျက် နေသူဘုရင်တစ်ပါးကို တွေ့မြင်ရကြလိမ့်မည်။-
ထိုလှေသင်္ဘောများ၏ရွက်တိုင်နှင့်ကြိုးတို့ သည်ပြုတ်လျက် ရွက်များသည်လည်းဖြန့်၍ မရပါတကား။ ရန်သူတပ်မှဥစ္စာပစ္စည်း များကိုလုယူကြလိမ့်မည်။ ထိုပစ္စည်းဥစ္စာ တို့မှာမြောက်မြားလှသည်ဖြစ်၍ ခြေမစွမ်း သူများပင်လျှင်မိမိတို့ဝေစုကိုရရှိကြ လိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် ပင်လျှင် ငါတို့၏ဘုရင်ဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည်ငါတို့ကိုအုပ်စိုး၍ ကွယ်ကာတော်မူလိမ့်မည်။-
ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။ သင်၏အလင်းပေါ်ထွန်းလာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။
``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊ သင်၏အလင်းဖြစ်တော့မည်မဟုတ်။ ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ငါ၏ဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။
ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။
မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
သို့သော်လည်းအမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်သည် ရာဇတန်ခိုးအာဏာကိုခံယူရရှိကာကမ္ဘာအဆက်ဆက်ထိန်းသိမ်းကြလိမ့်မည်'' ဟုရှင်းပြလေသည်။
အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။
ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။
နေနှင့်လသည်မှောင်မိုက်လျက် ကြယ်တာရာများသည်လည်းမထွန်း မလင်းကြတော့ချေ။
အောင်ပွဲရယေရုရှလင်မြို့သားတို့သည်၊ ဧဒုံပြည်ကိုတိုက်ခိုက်အုပ်စိုးကြလိမ့်မည်။ ထိုအခါထာဝရဘုရားကိုယ်တော်တိုင် ထိုပြည်တွင်နန်းစံတော်မူလိမ့်မည်။'' ပရောဖက်သြဗဒိ၏ဗျာဒိတ်ရူပါရုံပြီး၏။
သူတို့သည်ခြေဆွံ့လျက်နေအိမ်မှရပ်ဝေး သို့ရောက်ရှိနေကြ၏။ သို့ရာတွင်ငါသည် မသေဘဲကျန်ကြွင်းနေသေးသူတို့အား အင်အားကြီးသောလူမျိုးဖြစ်လာစေမည်။ ငါသည်ဇိအုန်တောင်ပေါ်မှာသူတို့အား ယခုမှစ၍ကာလအစဉ်အဆက်အုပ် စိုးတော်မူမည်'' ဟုမိန့်တော်မူ၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-
မှောင်မိုက်လည်းရှိတော့မည်မဟုတ်၊ ထူးခြား သောနေ့ဖြစ်မည်။ ညဥ့်အချိန်၌ပင်လျှင် အစဉ်အမြဲနေရောင်လင်း၍နေလိမ့်မည်။ အဘယ်အခါ၌ဤသို့ဖြစ်ပျက်လာမည် ကိုမူ ထာဝရဘုရားတစ်ပါးတည်းသာ လျှင်သိတော်မူ၏။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
နိုင်ငံတော်တည်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့၊ မြေကြီးပေါ်၌လည်းပြည့်စုံပါစေသော။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-
ထိုနောက်ကြည့်လိုက်သောအခါဇိအုန်တောင် ပေါ်တွင် သိုးသူငယ်တော်ရပ်နေသည်ကိုငါ မြင်ရ၏။ သူ၏နာမနှင့်ခမည်းတော်၏နာမ တော်ကိုနဖူးတွင် ရေးမှတ်ထားသူလူပေါင်း တစ်သိန်းလေးသောင်းလေးထောင်တို့သည် သိုး သူငယ်တော်နှင့်အတူရှိကြ၏။-
ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။
ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-
ထိုမြို့တွင်ညရှိတော့မည်မဟုတ်။ ထာဝရအရှင် ဘုရားသခင်သည်သူတို့အားအလင်းကိုပေးတော် မူမည်ဖြစ်၍၊ သူတို့သည်ဆီမီး၏အရောင်၊ နေ၏ အလင်းရောင်ကိုလိုကြတော့မည်မဟုတ်။ သူတို့ သည်ဘုရင်အဖြစ်ဖြင့်ထာဝစဉ်စိုးစံရကြ လတ္တံ့။