အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
ဟေရှာယ 24:13 - Common Language Bible ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံရှိသမျှတို့တွင် ဤနည်းအတိုင်းပင်ဖြစ်ပျက်ရလိမ့်မည်။ ဤသို့ဖြစ်ပျက်ရာအချိန်သည်သံလွင်သီး များကိုအပင်ရှိသမျှမှရိုက်ချလျက်၊ စပျစ်သီးအကြွင်းအကျန်များကိုလည်း စပျစ်နွယ်များမှဆွတ်ခူးပြီးသည့်အချိန်၊ သီးနှံများရိတ်သိမ်းမှုပြီးဆုံးရာကာလ နှင့်တူလိမ့်မည်။ Garrad Bible သံ လွင် ပင် မှ ခြွေ ပြီး အ သီး ကျန် ကဲ့ သို့လည်း ကောင်း၊ စ ပျစ် ပင် မှ သိမ်း ပြီး အ သီး ကျန် ကဲ့ သို့လည်း ကောင်း၊ မြေ အ ပြင် တွင် လူ အ မျိုး မျိုး၌ ဖြစ် လိမ့် သ တည်း။ Judson Bible ထိုသို့ ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကိုလှုပ်၍ အသီးကို ရသကဲ့သို့လည်းကောင်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သံလွင်သီးကိုရိုက်ခြွေပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း၊ စပျစ်သီးဆွတ်ခူးပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ကမ္ဘာမြေကြီးအလယ်ရှိ တိုင်းနိုင်ငံတို့တွင် ထိုသို့ ဧကန်အမှန်ဖြစ်လိမ့်မည်။ |
အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
ထာဝရဘုရားက``ဣသရေလပြည်၏ ဘုန်းအသရေမှေးမှိန်ရာနေ့ရက်ကာလ ကျရောက်လာလိမ့်မည်။ ထိုပြည်သည်ကြွယ် ဝချမ်းသာရာမှဆင်းရဲနွမ်းပါး၍သွား လိမ့်မည်။-
ထိုကာလ၌ထာဝရဘုရားကိုယ်တော်တိုင် ဥဖရတ်မြစ်မှအီဂျစ်ပြည်နယ်စပ်အထိ မိမိလူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ယူတော်မူ၍ဂျုံစပါးအကောင်းနှင့် အညံ့ ကိုစပါးနယ်လျက်ခွဲခြားသကဲ့သို့ခွဲ ခြားတော်မူမည်။
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
သို့ရာတွင်သင်တို့အချို့သည်အသက်ဘေး မှလွတ်မြောက်၍ အီဂျစ်ပြည်မှယုဒပြည် သို့ပြန်ကြလိမ့်မည်။ ထိုအခါအီဂျစ်ပြည် သို့လာရောက်ကြသောယုဒပြည်သူအကြွင်း အကျန်များသည် မိမိတို့စကားနှင့်ငါ့ စကား၊ မည်သည်ကမှန်၍နေသည်ကိုသိ ရှိကြလိမ့်မည်။-
ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-
``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-
``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။-
ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''
သို့ရာတွင်သာဒိမြို့၌မိမိတို့အဝတ်ကို အညစ်အကြေးနှင့်ကင်းစင်စေသူအနည်း ငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သူများ ဖြစ်သဖြင့်ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ငါ နှင့်အတူသွားလာရကြလိမ့်မည်။-