ထိုနေ့ရက်ကျရောက်လာသောအခါ၊ အခိုင် အမာတံတိုင်းကာရံထားသည့်မြို့များသည် ဟိဝိနှင့်အာမောရိအမျိုးသားတို့သည် ဣသရေလအမျိုးသားများထံမှထွက်ပြေး ရာတွင် စွန့်ပစ်ထားခဲ့သည့်မြို့များကဲ့သို့လူ သူဆိတ်ငြိမ်ရာဖြစ်လျက်ပျက်စီးယိုယွင်း ၍နေလိမ့်မည်။
ထို ကာ လ၊ ခံ မြို့ များ သည် ဣ သ ရေ လ အ မျိုး သား တို့ မျက် မှောက်၌၊ အ မော ရိ လူ၊ ဟိ ဝိ လူ တို့ လက် လွှတ် ရ သော အ ရပ် များ ကဲ့ သို့ မြို့ ဆိုး ကုန်း ဖြစ် လိမ့် မည်။
ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသရေလအမျိုးသားရှေ့မှာစွန့်ပစ်သော သစ်တောအကျန်အကြွင်းနှင့် သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက် ရှိရလိမ့်မည်။
ထိုနေ့ရက်၌ သူ၏ခိုင်ခံ့သောမြို့တို့သည် အစ္စရေးအမျိုးသားတို့ကြောင့် သူတို့စွန့်ပစ်ခဲ့သောတော၊ သူတို့စွန့်ပစ်ခဲ့သောတောင်ထိပ်ကဲ့သို့ လူသူကင်းမဲ့ရာအရပ် ဖြစ်လိမ့်မည်။
အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
သူတို့သည်မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသည့် ယဇ်ပလ္လင်များကိုသော်လည်းကောင်း၊ အာရှရ နတ်သမီးအားဝတ်ပြုကိုးကွယ်ရန် မိမိလက် စွမ်းလက်စတံခွန်တိုင်များနှင့်နံ့သာပေါင်း မီးရှို့ရာယဇ်ပလ္လင်များကိုလည်းကောင်း ယုံ ကြည်ကိုးစားကြတော့မည်မဟုတ်။
ခိုင်ခံ့စွာတန်တိုင်းကာရံထားသည့်မြို့သည် ပျက်စီးယိုယွင်းလျက်ရှိ၏။ ထိုမြို့သည်လူသူ မရှိသည့်တောကန္တာရကဲ့သို့ဆိတ်ငြိမ်၍နေ၏။ ယင်းသည်ကျွဲနွားတို့အစာစားနားနေရာ စားကျက်ဖြစ်လေပြီ။-
စစ်ပွဲတွင်သင်တို့အားရန်သူများတိုက်ခိုက် ၍သင်တို့၏ခံတပ်များပြိုပျက်ကုန်ကြလိမ့် မည်။ ရှာလမန်ဘုရင်စစ်ချီ၍ဗေသာဗေလ မြို့ကိုတိုက်ခိုက်ဖျက်ဆီးသောအခါ မိခင် နှင့်ကလေးများသတ်ဖြတ်သုတ်သင်ခြင်း ခံရကြ၏။-
ဣဇာက်မှဆင်းသက်သောအမျိုးအနွယ်တို့ ကိုးကွယ်ရာအရပ်များပျက်စီးရတော့မည်။ ဣသရေလနိုင်ငံရှိသန့်ရှင်းရာဌာနမှန် သမျှကို မြေပုံအဖြစ်နှင့်သာကျန်ရစ်စေ မည်။ ငါသည်ယေရောဗောင်မင်းဆက်၏နန်း သက်ကိုကုန်စေတော့မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့ပြည်တွင်ရှိသောမြို့များ ကိုဖျက်ဆီး၍ သင်တို့၏ခံတပ်များကို ဖြိုဖျက်မည်။-
သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''
သို့ရာတွင်ထိုပြည်သူပြည်သားတို့၏ အပြစ်ဒုစရိုက်ကြောင့် သူတို့နေထိုင်ရာ အရပ်များသည်ပျက်သုဉ်းရကြလိမ့်မည်။