မိက္ခာ 7:13 - Common Language Bible13 သို့ရာတွင်ထိုပြည်သူပြည်သားတို့၏ အပြစ်ဒုစရိုက်ကြောင့် သူတို့နေထိုင်ရာ အရပ်များသည်ပျက်သုဉ်းရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုသို့ မဖြစ်မီ ပြည်သူပြည်သားပြုမိသော ဒုစရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 မြေကြီးသားတို့ပြုသောအမှု၏အကျိုးဆက်ကြောင့် ကမ္ဘာမြေကြီးသည် လူဆိတ်ညံရာဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရားပေးတော်မူသောဤ ဗျာဒိတ်တော်ကိုဣသရေလပြည်ယေရု ရှလင်မြို့တွင် ယခုနေထိုင်လျက်ရှိသော လူတို့အတွက်ဖြစ်ကြောင်းပြောကြားလော့။ ထိုသူတို့သည်တုန်လှုပ်လျက်အစားအစာ ကိုစားရကြလိမ့်မည်။ ကြောက်လန့်တုန်လှုပ် လျက်ရေကိုသောက်ရကြလိမ့်မည်။ လူတိုင်း ပင်တရားလက်လွတ်ပြုကျင့်ကြသည်ဖြစ် ၍ သူတို့၏ပြည်ကိုငါသည်ပြောင်တလင်း ဖြစ်စေမည်။-