Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 17:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို​နေ့ရက်​၌ သူ​၏​ခိုင်ခံ့​သော​မြို့​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် သူ​တို့​စွန့်ပစ်​ခဲ့​သော​တော​၊ သူ​တို့​စွန့်ပစ်​ခဲ့​သော​တောင်ထိပ်​ကဲ့သို့ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ၊ အ​ခိုင် အ​မာ​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​များ​သည် ဟိ​ဝိ​နှင့်​အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး ရာ​တွင် စွန့်​ပစ်​ထား​ခဲ့​သည့်​မြို့​များ​ကဲ့​သို့​လူ သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ပျက်​စီး​ယို​ယွင်း ၍​နေ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို ကာ လ၊ ခံ မြို့ များ သည် ဣ သ ရေ လ အ မျိုး သား တို့ မျက် မှောက်၌၊ အ မော ရိ လူ၊ ဟိ ဝိ လူ တို့ လက် လွှတ် ရ သော အ ရပ် များ ကဲ့ သို့ မြို့ ဆိုး ကုန်း ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​ကာ​လ၌ သူ၏​ခိုင်​ခံ့​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​စွန့်​ပစ်​သော သစ်​တော​အ​ကျန်​အ​ကြွင်း​နှင့် သစ်​ပင်​အ​ဖျား​ကဲ့​သို့ ဖြစ်၍၊ ထို​ပြည်​သည် ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 17:9
16 ပူးပေါင်းရင်းမြစ်များ  

သင်​သည် သင့်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို မေ့လျော့​၍ သင်​၏​မှီခို​ရာ​ကျောက်ဆောင်​ကို မ​အောက်မေ့​။ ထို့ကြောင့် နှစ်သက်​ဖွယ်​သော​အပင်​တို့​ကို​စိုက်ပျိုး​လိမ့်မည်​။ တစ်ပါးအမျိုးသား​၏​စပျစ်ကိုင်း​ကို စိုက်​လိမ့်မည်​။


မိမိ​လက်​နှင့်​လုပ်​သော ယဇ်ပလ္လင်​တို့​ကို မျှော်ကြည့်​မည်​မ​ဟုတ်​။ မိမိ​လက်ချောင်း​နှင့်​လုပ်​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ဖူးမြင်​မည်​မ​ဟုတ်​။


ခိုင်ခံ့​သော​မြို့​သည် အထီးကျန်​၍ တောကန္တာရ​ကဲ့သို့ စွန့်ခွာ​သွား​ခြင်း​၊ စွန့်ပစ်​ထား​ခြင်း​ခံရ​သော​နေရာ​ဖြစ်​လိမ့်မည်​။ နွားသငယ်​သည် ထို​နေရာ​တွင် ကျက်စား​လိမ့်မည်​၊ လဲလျောင်း​လိမ့်မည်​။ ထို​နေရာ​ရှိ​အခက်အလက်​တို့​ကို အကုန်အစင်​စား​လိမ့်မည်​။


ရှာလမန်​မင်းကြီး​သည် ဗေသာဗေလ​မြို့​ကို တိုက်ခိုက်ဖျက်ဆီး​စဉ်က မိခင်​နှင့် သားသမီး​များ​ကိုင်ပေါက်​ခံရ​သကဲ့သို့ သင်​၏​လူမျိုး​တို့​တွင် အုတ်အုတ်ကျက်ကျက်​အသံ​များ ထွက်ပေါ်​လာ​လိမ့်မည်​။ သင်​၏​ခံတပ်​မြို့​များ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​မည်​။


ဣဇက်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်းရာဌာန​တို့​သည်​လည်း တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​။ ငါ​သည် ယေရောဗောင်​အမျိုး​ကို ဓား​ဖြင့်​တိုက်​မည်”​ဟု မိန့်​တော်မူ​၏​။


သင့်​ပြည်​ရှိ မြို့​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။ သင့်​ခံတပ်​ရှိသမျှ​တို့​ကို​လည်း ဖြိုချ​ပစ်​မည်​။


ဩမရိ​မင်းကြီး​၏​ဥပဒေသ​အတိုင်း​၊ အာဟပ်​မင်းမျိုး​၏​အပြုအမူ​အတိုင်း သင်​တို့ လိုက်လျှောက်​ကြ​၏​။ သူ​တို့​၏​အကျင့်အကြံ​အတိုင်း လိုက်လျှောက်​သောကြောင့် သင့်​ကို ပျက်စီး​ခြင်း​လက်​သို့ ငါ​ပေးအပ်​လိုက်​၏​။ မြို့သား​တို့​သည် ကဲ့ရဲ့စရာ​ဖြစ်​ရ​လိမ့်မည်​။ သင်​တို့​သည် ငါ့​လူမျိုး​တော်​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ခံရ​လိမ့်မည်​။”


မြေကြီးသား​တို့​ပြု​သော​အမှု​၏​အကျိုးဆက်​ကြောင့် ကမ္ဘာမြေကြီး​သည် လူဆိတ်ညံ​ရာ​ဖြစ်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ