ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
ဟေရှာယ 16:3 - Common Language Bible သူတို့ကယုဒပြည်သူတို့အား``ငါတို့ကို အကြံပေးကြပါ။ ငါတို့သည်စစ်ပြေးဒုက္ခ သည်များဖြစ်ပါ၏။ မွန်းတည့်ချိန်၌အေးမြ သောသစ်ပင်၏အရိပ်ကဲ့သို့ သင်တို့သည်ငါ တို့အားအကာအကွယ်ပေးကြပါ။ အဘယ် သူမျှရှာ၍မတွေ့စေရန်ငါတို့အားဝှက် ထားကြပါ။- Garrad Bible မွန်း တည့် အ ချိန် တွင် ညဉ့် ကဲ့ သို့ သင့် အ ရိပ် ဖြင့် မိုး လျက် နှင် ထုတ် ခံ ရ သော သူ တို့ ကို ကွယ် ထား လော့။ တိမ်း ရှောင် သူ တို့ ကို မ ပေါ် ပေါက် စေ နှင့်။ Judson Bible အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေလော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသောသူတို့ကို မပြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့က “အကြံဉာဏ်ပေးပါ။ ဆုံးဖြတ်ပေးပါ။ မွန်းတည့်ချိန်မှာ သင့်အရိပ်ကိုညကဲ့သို့ ဖြစ်စေပါ။ နှင်ထုတ်ခံရသောသူတို့ကို ဝှက်ထားပါ။ ထွက်ပြေးသောသူတို့ကို မဖော်ထုတ်ပါနှင့်။ |
ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
မိမိ၏လူမျိုးတော်အားပြည်နှင်ဒဏ်သင့် ရာမှသူတို့၏ပြည်သို့ပြန်လည်ခေါ်ဆောင်လာ တော်မူသောထာဝရအရှင်ဘုရားသခင် သည် အခြားအမျိုးသားတို့ကိုလည်းထို လူစုနှင့်အတူစုပေါင်းနေထိုင်ရန်ခေါ် ဆောင်လာတော်မူလိမ့်မည်။
ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ရှေး အခါ၌ငါသည်မိမိ၏လူမျိုးတော်အား`သင် တို့သည်တရားမျှတစွာပြုကျင့်ကြလျက်၊ တစ်ဦးအပေါ်တစ်ဦးသနားကရုဏာ ထားရကြမည်။-
သင်တို့သည်ငါဆာလောင်မွတ်သိပ်စဉ်အခါက ငါ့ကိုကျွေးမွေးကြ၏။ ငါရေငတ်စဉ်အခါက သောက်ရေကိုပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်စဉ် အခါကဧည့်ဝတ်ကိုပြုကြ၏။-
ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။