နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
ဟေရှာယ 14:11 - Common Language Bible အခါတစ်ပါးကသင်သည်စောင်းသံများ ဖြင့်ဂုဏ်ပြုဖျော်ဖြေခြင်းကိုခံခဲ့ရသော် လည်း ယခုအခါမရဏနိုင်ငံသို့ရောက်ရှိ နေပါပြီတကား။ လောက်ကောင်များကိုအိပ် ရာလုပ်၍လဲလျောင်းကာတီကောင်များကို စောင်လုပ်၍ခြုံရလေပြီတကား' ဟုဟစ် အော်ပြောဆိုကြ၏။'' Garrad Bible စောင်း တီး သံ နှင့် တ ကွ၊ သင်၏ ဘုန်း တော် ဂုဏ် တော် ကို၊ မ ရ ဏာ့ နိုင် ငံ တိုင် အောင် ရှုတ် ချ လေ ပြီ။ လောက် ကို နေ ရာ တော် ခင်း၍၊ ပိုး ကောင် ကို ခြုံ ပါ သည် တ ကား။ Judson Bible သင်၏ဘုန်းအသရေနှင့် သင်၏တူရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကိုခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကိုနှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုန်းတန်ခိုး၊ သင်၏စောင်းသံသည် မရဏာနိုင်ငံသို့ဆင်းသွားပြီ။ လောက်ကောင်များသည် သင့်အောက်၌ပြန့်နေ၍ ပိုးကောင်များသည် သင့်ကိုဖုံးလွှမ်း၏။ |
နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
တစ်မြို့လုံးပင်အုတ်အုတ်ကျက်ကျက်ဖြစ် လျက် လူတို့စိတ်လှုပ်ရှားအော်ဟစ်သံများ နှင့်ပြည့်နှက်၍နေ၏။ သင်၏လူတို့သည်ဤစစ်ပွဲတွင်တိုက်ခိုက် ရင်းကျဆုံးရကြသည်မဟုတ်။-
မရဏနိုင်ငံသည်သူတို့အားဝါးမျိုလို သဖြင့် မိမိ၏ပါးစပ်ကိုကျယ်စွာဟလျက် နေ၏။ ယေရုရှလင်မြို့မှမှူးမတ်များကိုလည်း ယောက်ယက်ခတ်ဆူညံနေသောဆင်းရဲသား လူအုပ်ကြီးနှင့်အတူမျိုချလိုက်လေသည်။
ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။