မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
ဟေရှာယ 13:11 - Common Language Bible ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။- Garrad Bible လော က သား တို့ အ ပေါ် တွင် ဆိုး သွမ်း ပြစ် ကိုလည်း ကောင်း၊ လူ ဆိုး တို့ အ ပေါ် တွင် ဒု စ ရိုက် အ ပြစ် ကိုလည်း ကောင်း၊ ငါ ဆပ် ပေး၍၊ မာ န ကြီး သူ တို့ ထောင် လွှား ခြင်း ကို ရပ် စဲ စေ လျက်၊ ကြမ်း ကြုတ် သူ တို့ စော် ကား ခြင်း ကို လည်း နှိမ့် ချ သည့် အ လျောက်၊ Judson Bible ထိုလောကီနိုင်ငံ၏အပြစ်ကိုလည်းကောင်း၊ မတရားသောသူတို့၏ဒုစရိုက်များကိုလည်းကောင်း ငါစစ်ကြောမည်။ မာနကြီးသောသူတို့၏ထောင်လွှားခြင်းကို ငါနှိပ်စက်၍၊ ကြမ်းကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောကမ္ဘာကြီး၊ ဆိုးယုတ်သောဒုစရိုက်သမားတို့ကို ငါဒဏ်ခတ်မည်။ မာနထောင်လွှားသောသူတို့၏မာနကို ငါချုပ်ငြိမ်းစေမည်။ ကြမ်းကြုတ်သောသူတို့၏မာနကို ငါချိုးပစ်မည်။ |
မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
ဘိုးဘေးတို့၏အပြစ်ကြောင့်သားတို့အား ကွပ် မျက်မှုကိုအစပြုကြစေ။ ဤဘုရင်၏သား မြေးတို့အနက်အဘယ်သူမျှကမ္ဘာမြေပေါ် တွင်အုပ်စိုးခွင့်ကိုရရှိကြလိမ့်မည်မဟုတ်။
ပြည်သူတို့အားအမျက်ဒေါသနှင့်ဖိနှိပ်ချုပ် ချယ်ကာ၊ မိမိနှိမ်နင်းအောင်မြင်သည့်လူမျိုး တို့အားလည်း အဆက်မပြတ်ညှင်းဆဲနှိပ် စက်တတ်သူမင်းဆိုးမင်းညစ်များ၏တန်ခိုး အာဏာကိုထာဝရဘုရားပျက်သုဉ်းစေ တော်မူပြီ။-
လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
လူတို့၏မာန်စွယ်သည်ကျိုး၍မောက်မာထောင် လွှားမှုများသည်ပျက်သုဉ်းရလိမ့်မည်။ ထို ကာလကျရောက်သောအခါထာဝရဘုရား တစ်ပါးတည်းသာလျှင် ချီးမြှောက်ခြင်းကို ခံတော်မူရလိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
မိုးကောင်းကင်ကိုအစိုးရသည့်နတ်များ နှင့်လောကီဘုရင်တို့အား ထာဝရဘုရား အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။-
တန်ခိုးကြီးမားသည့်လူမျိုးတို့သည်ကိုယ်တော် ရှင်ကို ထောမနာပြုကြပါလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သူတို့နေထိုင်ရာ မြို့များတွင်လည်း ကိုယ်တော်အားကြောက်လန့်၍နေကြပါလိမ့်မည်။
ခြောက်သွေ့ရာဒေသတွင်မိုးခေါင်မှုနှင့် လည်းကောင်း၊ တူပါ၏။ သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ရန်သူများ၏အသံကို တိတ်စေတော်မူပါပြီ။ မိုးတိမ်သည်ပူအိုက်သည့်နေကိုအေးမြလာစေ သကဲ့သို့၊ ကိုယ်တော်ရှင်သည်ရက်စက်ကြမ်းကြုတ်သူတို့၏ အော်ဟစ်သံကိုတိတ်စေတော်မူပါ၏။
ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။
သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-
အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
လူတိုင်းပင်အရှက်ကွဲ၍မာန်မာနကြီးသူ မှန်သမျှတို့သည်လည်း ရှုတ်ချခြင်းကိုခံရ ကြလိမ့်မည်။-
သူတို့၏အပြစ်ကြွေးများကိုလည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အပြစ်ကြွေးများကို လည်းကောင်းငါဆပ်စေမည်။ သူတို့သည်တောင် ပေါ်ရှိရုပ်တုကိုးကွယ်ရာဌာနများတွင်နံ့ သာပေါင်းကိုမီးရှို့ပူဇော်ကာ ငါ့ကိုကဲ့ရဲ့ ကြလေပြီ။ သို့ဖြစ်၍သူတို့အားထိုက် လျောက်ရာအပြစ်ဒဏ်ကိုငါပေးမည်'' ဟု မိန့်တော်မူ၏။
မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
ဗျာဒိတ်တော်ကား`သူယုတ်မာတို့သည်အသက်မရှင်နိုင်ကြ။ သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သောကြောင့်အသက်ရှင်ရကြလိမ့်မည်' ဟူ၍လာသတည်း။''