ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။-
ဟေရှာယ 10:26 - Common Language Bible အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် သြရဘကျောက်အနီးတွင် မိဒျန်အမျိုးသား တို့အားငါ၏နှင်တံနှင့်ရိုက်ဆုံးမခဲ့သည် နည်းတူသူတို့ကိုလည်းရိုက်ဆုံးမမည်။ ငါ သည်အီဂျစ်အမျိုးသားတို့အားဆင်းရဲ ဒုက္ခရောက်စေခဲ့သည့်နည်းတူ သူတို့ကို လည်းဆင်းရဲဒုက္ခရောက်စေမည်။- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ဩ ရ ဘ ကျောက် တောင် အ နီး၊ မိ ဒျန် အ မျိုး သား တို့ ကို ဒဏ် ခတ် သည့် နည်း တူ၊ ချင်း တစ် ဘက် ၌ နှင် တံ ကို မြှောက် ဝင့် သည့် ပြင်၊ လှံ တံ တော် လည်း အိ ဂျစ် ပြည် ၌ စီ ရင် သ ကဲ့ သို့၊ ပင်လယ် ပေါ် တွင် ချီး မြှောက် ဖြန့် မိုး မည်။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ်သကဲ့သို့လည်းကောင်း၊ ပင်လယ်ကို လှံတံတော်နှင့် မိုးသကဲ့သို့လည်းကောင်း၊ ထိုမင်းအဖို့ ဘေးဥပဒ်ကိုပြင်ဆင်၍၊ အဲဂုတ္ထုလက်ထက်၌ကဲ့သို့ တစ်ဖန်လှံတံတော်ကို ချီတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိဒျန်လူမျိုးတို့ကို ဩရဘကျောက်နား၌ဒဏ်ခတ်သကဲ့သို့ သူတို့ကို ကျာပွတ်နှင့်ရိုက်တော်မူမည်။ အီဂျစ်လူမျိုးကိုပြုသကဲ့သို့ ပင်လယ်ပေါ်တွင် တောင်ဝှေးတော်ကို မြှောက်ထားတော်မူမည်။ |
ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးဖြောင့်မှန်ကြောင်းစီရင် ဆုံးဖြတ်တော်မူပါ။
သြရဘမင်းနှင့်ဇေဘမင်းတို့ကို ကိုယ်တော်ရှင် ပြုသကဲ့သို့ သူတို့၏ခေါင်းဆောင်များအားပြုတော်မူပါ။ ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့အားအရေးရှုံးနိမ့် စေတော်မူသကဲ့သို့ သူတို့၏မင်းရှိသမျှအားလည်းအရေးရှုံးနိမ့် စေတော်မူပါ။
သင်၏တောင်ဝှေးကိုကိုင်၍ပင်လယ်ပေါ်တွင် လက်ကိုဆန့်လော့။ ထိုအခါပင်လယ်ရေသည် နှစ်ခြမ်းကွဲသဖြင့် ဣသရေလအမျိုးသား တို့သည်ခြောက်သွေ့သောမြေပေါ်မှာဖြတ် ၍လျှောက်သွားရကြမည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။
ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။-
အာရှုရိအမျိုးသားတို့သည်ဘုရားသခင် ၏အသံတော်ကိုကြားသောအခါ ကြောက် လန့်တုန်လှုပ်လျက်ကိုယ်တော်ပေးအပ်တော် မူသောအပြစ်ဒဏ်အဟုန်ကိုခံစားရကြ လိမ့်မည်။-
ထိုသူတို့အားအဖန်တလဲလဲဘုရားသခင်ရိုက်တော်မူသောအခါ ကိုယ်တော်၏ လူမျိုးတော်သည်စောင်းသံ၊ ပတ်သာသံများ ကိုစည်းလိုက်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်အာရှုရိအမျိုးသား တို့ကိုတိုက်ခိုက်တော်မူလိမ့်မည်။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
သူတို့သည်မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့ကိုလက်ရဖမ်းမိသ ဖြင့် သြရဘအားသြရဘကျောက်၌လည်း ကောင်း၊ ဇေဘကိုဇေဘစပျစ်သီးနယ်ရာ အရပ်၌လည်းကောင်းကွပ်မျက်လိုက်ကြ လေသည်။ သူတို့သည်မိဒျန်အမျိုးသား တို့နောက်သို့ဆက်လက်လိုက်လံကြပြီး နောက် သြရဘနှင့်ဇေဘတို့၏ဦးခေါင်း ကိုယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ရောက် ရှိနေသောဂိဒေါင်၏ထံသို့ယူဆောင်ခဲ့ ကြ၏။