ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ်တို့ သည်ဣသရေလအမျိုးသားတို့၏နောက် သို့လိုက်ကြရာတွင် ဗာလဇေဖုန်မြို့နှင့် ပိဟဟိရုတ်မြို့အနီးပင်လယ်နီကမ်းနား ၌စခန်းချလျက်ရှိသောဣသရေလ အမျိုးသားတို့ကိုမီလေ၏။
ဟေရှာယ 10:24 - Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။- Garrad Bible ထို့ ကြောင့် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ သည် ကား၊ ဇိ အုန် မြို့ နေ ထိုင် သူ ငါ့ လူ မျိုး တို့၊ အာ ရှု ရိ မင်း သည် အိ ဂျစ် ဓ လေ့ အ တိုင်း ထုတ် လှံ တံ ကို ချီး မြှောက် လျက် ရိုက် နှက် သော် လည်း မ ကြောက် လင့်။ Judson Bible ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသောငါ၏လူမျိုး၊ အာရှုရိမင်းကြောင့် မကြောက်နှင့်။ သူ၏ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်းပြုသည်နည်းတူ သူ၏လှံတံကို သင်၏အပေါ်မှာမိုးလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားက “ဇိအုန်မြို့နေငါ့လူမျိုးတော်တို့၊ အီဂျစ်လူမျိုးပြုသကဲ့သို့ သင့်ကို ကြိမ်လုံးနှင့်ရိုက်နှက်၍ သင့်အပေါ်တုတ်မြှောက်ထားသော အဆီးရီးယားလူမျိုးကိုမကြောက်နှင့်။ |
ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ်တို့ သည်ဣသရေလအမျိုးသားတို့၏နောက် သို့လိုက်ကြရာတွင် ဗာလဇေဖုန်မြို့နှင့် ပိဟဟိရုတ်မြို့အနီးပင်လယ်နီကမ်းနား ၌စခန်းချလျက်ရှိသောဣသရေလ အမျိုးသားတို့ကိုမီလေ၏။
အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-
ဣသရေလအမျိုးသားတို့သည် မိမိတို့ရန်သူ များလောက် ပြင်းထန်စွာထာဝရဘုရား၏ အပြစ်ဒဏ်ကိုမခံရကြ၊ ရန်သူများလောက် လည်းမသေရကြ။-
ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့၊ သင်တို့သည်ငိုယိုရကြတော့မည်မဟုတ်။ ထာဝရဘုရားသည်သနားကြင်နာတော် မူတတ်၏။ ကူမတော်မူရန်အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် သည်နားညောင်းတော်မူ၍အဖြေပေး လိမ့်မည်။-
ထိုသူတို့အားအဖန်တလဲလဲဘုရားသခင်ရိုက်တော်မူသောအခါ ကိုယ်တော်၏ လူမျိုးတော်သည်စောင်းသံ၊ ပတ်သာသံများ ကိုစည်းလိုက်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်အာရှုရိအမျိုးသား တို့ကိုတိုက်ခိုက်တော်မူလိမ့်မည်။-
စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။-
ဟေရှာယသည်``ထာဝရဘုရားကမိမိ အား အာရှုရိအမျိုးသားတို့၏စော်ကား ပြောဆိုသည့်စကားများအတွက် စိတ် အနှောင့်အယှက်မဖြစ်ရန်သင့်အားမိန့် မှာတော်မူပါ၏။-
ထာဝရဘုရားရွေးချယ်တော်မူခြင်းကိုခံ ရ၍ ယေရုရှလင်မြို့တွင်သက်ရှင်ကျန်ရှိနေ သူမှန်သမျှသည် သန့်ရှင်းမြင့်မြတ်သူများ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။-
ငါသည်သင်တို့လွတ်မြောက်ရန်အချိန်ကာလ ကို နီးကပ်၍လာစေမည်။ ထိုကာလသည်လုံးဝမဝေးတော့ပြီ။ ငါသည်ကယ်တင်ခြင်းကျေးဇူးကိုလည်း ဆိုင်းငံ့၍ ထားလိမ့်မည်မဟုတ်။ ယေရုရှလင်မြို့ကိုငါကယ်တင်၍၊ ဣသရေလ အမျိုးသားတို့အားဂုဏ်အသရေရှိစေမည်။''
မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
သူ့အားသတိရှိမှု၊ တည်ငြိမ်မှုရှိရန်နှင့်ထိတ် လန့်မှုနှင့်စိတ်အနှောက်အယှက်မဖြစ်ရန် ကိုပြောကြားလော့။ ရေဇိန်မင်းနှင့်တကွ ရှုရိပြည်သူတို့၏အမျက်နှင့်ပေကာမင်း ၏အမျက်သည် ထင်းစနှစ်ခုမှအငွေ့တလူ လူထွက်လျက်နေသောမီးခိုးထက်ပို၍ ဥပဒ်မပေးနိုင်။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
တိုင်းပြည်သည်လည်းငြိမ်းချမ်းသာယာ လိမ့်မည်။ အာရှုရိအမျိုးသားတို့သည်ငါတို့၏နိုင်ငံ ကိုတိုက်ခိုက်၍ ငါတို့၏ခံတပ်များကိုချိုး ဖောက်ဝင်ရောက်ကြသောအခါ၊ ငါတို့တွင် ခွန်အားကြီးသောခေါင်းဆောင်များကိုစေ လွှတ်၍ ရန်သူတို့ကိုခုခံတိုက်ခိုက်မည်။-