ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။
ဟေဗြဲ 9:20 - Common Language Bible ထိုနောက်မောရှေက``ဤသွေးသည်သင်တို့လိုက် နာရန်ဘုရားသခင်ပေးအပ်တော်မူသော ပဋိညာဉ်ကိုအတည်ဖြစ်စေ၏'' ဟုဆို၏။- Garrad Bible ဤ အ သွေး ကား သင် တို့ အား ဘု ရား သ ခင် ပ ညတ် ထား တော် မူ သော ပ ဋိ ညာဉ်၏ အ သွေး တည်း ဟု ဆို၏။ Judson Bible ဤအသွေးကား၊ သင်၌ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း “ဤသည်ကား သင်တို့အား ဘုရားသခင်ပညတ်တော်မူသည့် ပဋိညာဉ်နှင့်ဆိုင်သောသွေးဖြစ်၏”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မောရှေက “ဤသွေးသည် ဘုရားသခင်နှင့် သင်တို့ ပဋိညာဉ်ဖွဲ့ထားသည်ကို အတည်ဖြစ်စေ၏” ဟု ဆို၏။ |
ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။
ထာဝရဘုရားက၊ ``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊ သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။-
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။