ထိုနောက်ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍အင်တုံ ထဲရှိသိုး၏သွေး၌နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်တိုင်တို့ကိုသုတ်ရမည်။ နံနက် ချိန်သို့ရောက်သည့်တိုင်အောင်မည်သူမျှမိမိ အိမ်အပြင်သို့မထွက်ရ။-
ဟေဗြဲ 9:18 - Common Language Bible ထိုကြောင့်ပထမပဋိညာဉ်ပင်လျှင်သွေး ဖြင့်အတည်ဖြစ်၏။- Garrad Bible ထို ကြောင့် ဆို ခဲ့ သော ပ ထ မ ပ ဋိ ညာဉ် ကို ပင် အ သွေး ကင်း လျက် ဖွဲ့ ခဲ့ သည် မ ဟုတ်။ Judson Bible ထိုကြောင့် ပထမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့်ကင်း၍ မစီရင်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပထမပဋိညာဉ်ကိုလည်း သွေးမပါဘဲဖွဲ့ခဲ့သည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပထမပဋိညာဉ်ကို တိရစ္ဆာန်တို့၏ သွေးနှင့်ပင် အတည်ဖြစ်စေခဲ့၏။ |
ထိုနောက်ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍အင်တုံ ထဲရှိသိုး၏သွေး၌နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်တိုင်တို့ကိုသုတ်ရမည်။ နံနက် ချိန်သို့ရောက်သည့်တိုင်အောင်မည်သူမျှမိမိ အိမ်အပြင်သို့မထွက်ရ။-
ထို့နောက်အာရုန်၏သားတို့ကိုခေါ်ပြီးလျှင် သူတို့၏လက်ယာနားပျဉ်းများ၊ လက်ယာ လက်မများနှင့်လက်ယာခြေမများကို သိုးသွေးဖြင့်သုတ်လေသည်။ မောရှေသည် ကျန်သောသွေးကိုယဇ်ပလ္လင်လေးဘက်ပေါ် သို့ပက်ဖျန်းလေသည်။-
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
သေတမ်းစာရေးသူအသက်ရှင်နေစဉ်သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူသေ လွန်ပြီးမှသာလျှင်အတည်ဖြစ်၏။-
မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။-
ပညတ်တရားအရအရာခပ်သိမ်းလိုလိုပင် သွေးအားဖြင့်သန့်စင်မှုကိုရရှိကြ၏။ သွေး သွန်းမှုရှိမှသာအပြစ်ပြေနိုင်၏။