``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
ဟေဗြဲ 7:21 - Common Language Bible သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။- Judson Bible ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို မရ၊ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူသောအခါ “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ ဟု ထာဝရဘုရားသစ္စာပြုတော်မူပြီ။ မိမိစိတ်တော်ကိုလည်း ပြောင်းလဲတော်မူမည်မဟုတ်” ဟူ၍ ကိုယ်တော်အား မိန့်တော်မူ၏။ |
``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
ကိုယ်တော်သည်မည်သူ့ကိုမဆိုရွေးကောက်၍ ကောင်းချီးပေးတော်မူရန်ဆုံးဖြတ်တော်မူ ပြီးနောက်စိတ်သဘောပြောင်းလဲတော်မမူ တတ်။-
အခြားကျမ်းချက်တွင်လည်း ``သင်သည်မေလခိဇေဒက်၏အရိုက်အရာကို ဆက်ခံသူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။
အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``သင် သည်မေလခိဇေဒက်၏အရိုက်အရာကိုဆက် ခံသူထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟုဖော်ပြသောကြောင့်တည်း။-
ထိုမှတစ်ပါးလည်းဘုရားသခင်ကျိန်ဆိုတော် မူချက်ရှိ၏။ ကိုယ်တော်သည်လေဝိအနွယ်ဝင် တို့အား ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားတော်မူ သောအခါ၌ကျိန်ဆိုတော်မူချက်မပါရှိချေ။-
ထို့ပြင်အခြားကွာခြားမှုရှိသေး၏။ ယဇ် ပုရောဟိတ်တို့သည်သေရသောကြောင့် သူတို့ သည်အရေအတွက်များကြ၏။-
မောရှေ၏ပညတ်တရားသည်အားနည်း၍မစုံ လင်သောလူသားတို့ကို ယဇ်ပုရောဟိတ်မင်း များအဖြစ်ခန့်ထားလေသည်။ သို့ရာတွင် ပညတ်တရားပေါ်ပေါက်ပြီးသည့်နောက်ပိုင်း ထာဝရကာလပတ်လုံးစုံလင်တော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုတော်မူချက်ဖြင့်ခန့်ထားတော်မူ၏။
ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။