ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။-
ဟေဗြဲ 6:7 - Common Language Bible ရွာသွန်းသည့်မိုးရေကိုခံယူလျက်လယ်သမား တို့အဖို့ အသုံးဝင်သောအသီးအနှံများကို ဖြစ်ထွန်းစေသည့်မြေဆီလွှာကို ဘုရားသခင် သည်ကောင်းချီးပေးတော်မူ၏။- Garrad Bible အ ကြိမ် ကြိမ် ရွာ သော မိုး ရေ ကို သောက် ပြီး သော် ထွန် ယက် စိုက် ပျိုး သူ တို့ အ ဖို့ အ သုံး ဝင် သည့် ကောက် ပဲ ထွက် စေ သော မြေ သည် ဘု ရား သ ခင့် ထံ ကောင်း ကြီး မင်္ဂ လာ ခံ ရ ၏။ Judson Bible ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုးရေကိုသောက်၍၊ လုပ်သောသူသုံးဖို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မြေကြီးသည် မိမိအပေါ် အဆက်မပြတ်ရွာသွန်းသော မိုးရေကို သောက်သုံး၍ စိုက်ပျိုးသူတို့အတွက် အသီးအနှံကို ဖြစ်ထွန်းစေလျှင် ထိုမြေကြီးသည် ဘုရားသခင်ထံမှ ကောင်းချီးကို ခံရ၏။ |
ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။-
ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။-
မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။
ထာဝရဘုရားသည်ထိုသူအားကောင်းချီး ပေး၍ ကယ်တင်တော်မူလိမ့်မည်။ ထိုသူသည်အပြစ်ကင်းသူဖြစ်ကြောင်း ထာဝရဘုရားသည်ကြေညာတော်မူ လိမ့်မည်။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
``ငါသည်သူတို့အားကောင်းချီးပေး၍ ငါ၏ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပတ်လည် တွင်နေစေမည်။ အချိန်တန်သောအခါ ကောင်းချီးမိုးရေကိုကျစေမည်။-
ငါက`သင်တို့အတွက်မြေရိုင်းကိုထွန်ယက် ၍တရားမျှတမှုမျိုးစေ့ကိုကြဲလော့၊ ငါ့ အားသစ္စာစောင့်ခြင်း၏အသီးအနှံကို ရိတ်သိမ်းလော့၊ သင်တို့၏ထာဝရဘုရား ထံသို့ပြန်လာချိန်ရောက်ပြီ။ ငါသည်လည်း ကြွလာ၍သင်တို့အားကောင်းကြီးပေး တော်မူမည်' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
တောင်းသောသူသည်ရ၏။ ရှာသောသူသည်တွေ့၏။ တံခါးခေါက်သူအား တံခါးကိုဖွင့်၍ပေးလိမ့်မည်။-
ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-