ဟေဗြဲ 3:2 - Common Language Bible မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။- Garrad Bible ဘု ရား သ ခင်၏ တစ် အိမ် တော် လုံး၌ မော ရှေ သည် သ စ္စာ စောင့် သ ကဲ့ သို့ ထို အ ရှင် လည်း ခန့် ထား တော် မူ သော ဘု ရား သ ခင် ရှေ့ သ စ္စာ စောင့် တော် မူ ၏။ Judson Bible မောရှေသည် ဘုရားသခင်၏ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ် သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိအား ခန့်ထားတော်မူသော ဘုရားသခင်အပေါ် သစ္စာရှိတော်မူ၏။ |
ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။''
ဤလောကတွင်အကျွန်ုပ်သည်ကိုယ်တော်၏ ဘုန်းအသရေကိုထွန်းတောက်စေပါပြီ။ ကိုယ် တော်အကျွန်ုပ်အားပေးအပ်တော်မူသောအမှု တော်ကိုအပြီးတိုင်ဆောင်ရွက်ပြီးပါပြီ။-
မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။-
ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။
သင်တို့သည်လည်းခရစ်တော်နှင့်တစ်လုံးတစ် ဝတည်းဖြစ်လျက် အခြားသူအပေါင်းတို့နှင့် အတူတည်ဆောက်ခြင်းကိုခံသဖြင့်ဝိညာဉ် တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော် မူရာဌာနတော်ဖြစ်လာကြပေသည်။
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-
သို့ရာတွင်အကယ်၍ငါလာရောက်ရန်နှောင့်နှေး ကြန့်ကြာနေခဲ့သော် ဘုရားသခင်၏အိမ်ထောင် စုသားတို့အဘယ်သို့ပြုမူကျင့်ကြံသင့်သည် ကိုသင်သိရှိနိုင်စေရန် ဤစာကိုရေးလိုက်ရ ခြင်းဖြစ်ပေသည်။ ထိုအိမ်ထောင်စုကားအသက် ရှင်တော်မူသောဘုရားသခင်၏အသင်းတော် ပင်တည်း။ ထိုအသင်းတော်သည်သမ္မာတရား၏ မဏ္ဍိုင်ဖြစ်၏။-
ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
ရှမွေလသည်ဆက်လက်၍``မောရှေနှင့်အာရုန် တို့ကိုရွေးချယ်တော်မူသောသင်တို့၏ဘိုး ဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောအရှင်ကားထာဝရ ဘုရားပင်ဖြစ်၏။-