ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
ဟေဗြဲ 13:14 - Common Language Bible အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။- Garrad Bible ငါ တို့ သည် ဤ လော က တွင် တည် မြဲ ရာ မြို့ မ ရှိ။ နောင် ဘ ဝ မြို့ တော် ကို တောင့် တ လျက် နေ ကြ၏။ Judson Bible အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့ မရှိ၊ နောက်ဖြစ်လတ္တံ့သောမြို့ကို ရှာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဤလောက၌ ငါတို့အတွက်တည်မြဲသောမြို့မရှိ။ နောက်လာမည့်မြို့တော်ကိုသာ ငါတို့ကြိုးစားရှာဖွေနေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။ |
ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။-
ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။-
သို့ဖြစ်၍သင်တို့သည်လူမျိုးခြားမဟုတ်၊ သူ စိမ်းတစ်ရံဆံလည်းမဟုတ်ကြတော့ပေ။ သင်တို့ သည်ဘုရားသခင်၏လူစုတော်နှင့်အတူပြည် တော်သားများ၊ ကိုယ်တော်၏အိမ်ထောင်စုသား များဖြစ်ကြလေပြီ။-
ငါတို့မူကားကောင်းကင်ဘုံနိုင်ငံသားများဖြစ် သဖြင့် ကောင်းကင်ဘုံမှငါတို့၏ကယ်တင်ရှင် သခင်ယေရှုခရစ်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ရှိကြ၏။-
သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
``နောက်တစ်ကြိမ်'' ဟူသောစကားသည်အဖန် ဆင်းခံအရာအပေါင်းတို့ကိုတုန်လှုပ်ပယ် ဖျက်တော်မူမည်ဖြစ်သဖြင့်မတုန်လှုပ်နိုင် သောအရာတို့သာလျှင်ကျန်ရစ်တည်ရှိ ကြလိမ့်မည်ဟုဆိုလိုသတည်း။
ငါတို့ပြောဆိုသောနောင်အခါတည်ရှိမည့် ကမ္ဘာသစ်ကိုအုပ်စိုးရန်ကောင်းကင်တမန် များအားပေးအပ်တော်မမူ။-
သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။-
သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။-
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။