ဟေဗြဲ 12:5 - Common Language Bible ကျမ်းစာတော်တွင်ဘုရားသခင်က၊ ``ငါ့သား၊ထာဝရဘုရားပဲ့ပြင်တော်မူသည်ကို ဂရုပြုလော့။ ဆုံးမတော်မူသောအခါစိတ် မပျက်နှင့်။ Garrad Bible ၎င်း ပြင် ငါ့ သား၊ ထာ ဝ ရ ဘု ရား၏ ပဲ့ ပြင် ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ဘဲ အ ဆုံး အ မ ခံ ရာ၌ လည်း စိတ် မ ပျက် နှင့်။ ထာ ဝ ရ ဘု ရား သည် ချစ် တော် မူ သော သူ့ အား ပဲ့ ပြင် ခြင်း၊ လက် ခံ တော် မူ သော သား တိုင်း အား ဒဏ် ခတ် ခြင်း ပြု တော် မူ ကြောင်း သား အ ဖြစ် တိုက် တွန်း သော နှိုး ဆော် ချက် ကို သင် တို့ မေ့ လျော့ ကြ ပြီ။ Judson Bible ထိုမှတစ်ပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် “ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။ ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ စိတ်မပျက်နှင့်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖခင်သည် မိမိသားတို့အား တိုက်တွန်းသကဲ့သို့ သင်တို့အား တိုက်တွန်းသောစကားကို မေ့လျော့သလော။ ကျမ်းစာ၌ “ငါ့သား… ထာဝရဘုရား၏ ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်မပြုနှင့်။ ကိုယ်တော်၏ အပြစ်ပေးဆုံးမခြင်းကို ခံရသောအခါ စိတ်မပျက်နှင့်။ |
ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
ကွန်တော်မျိုးသည်နေ့စဉ်နှင့်အမှ အသက်အန္တရာယ်နှင့်တေ"ကြုံနေရပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်၏တရားတော်ကို မမေ့မလော့ပါ။
ကိုယ်တော်ရှင်၏အထုံးအဖွဲ့တော်တို့ကို နှစ်သက်ပါ၏။ အမိန့်တော်တို့ကိုမေ့လော့မည်မဟုတ်ပါ။
ကိုယ်တော်ရှင်ဒဏ်ခတ်တော်မမူမီအခါက ကွန်တော်မျိုးသည်လမ်းလွဲသော်လည်း ယခုမှာမူနှုတ်ကပတ်တော်အတိုင်းပြုကင့်ပါ၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်တော်မူခက် တို့သည် တရားမှတတော်မူကြောင်းကိုလည်းကောင်း" သစ္စာတော်နှင့်အညီကွန်တော်မျိုးအား ဒဏ်ခတ်တော်မူကြောင်းကိုလည်းကောင်း ကွန်တော်မျိုးသိပါ၏။
ကွန်တော်မျိုးသည်စွန့်ပစ်ထားသည့်သားရေ ဘူးကဲ့သို့ အသုံးမဝင်တော့ပါ။ သို့သော်လည်းအထုံးအဖွဲ့တော်တို့ကို မမေ့မလော့ပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊ တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊-
ထိုအခါအမျိုးသမီးများသည်ကိုယ်တော် မိန့်တော်မူခဲ့သောစကားများကိုပြန်သတိရ ၍၊-
သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။
သင်တို့ဆင်းရဲဒုက္ခခံရခြင်းသည်ဖခင်၏ ဆုံးမခြင်းကိုခံရသည်ဟုခံယူရကြမည်။ ယင်းသို့ခံရခြင်းသည်သင်တို့အားသားများ အနေဖြင့် ဘုရားသခင်ဆက်ဆံလျက်ရှိတော် မူကြောင်းကိုပြ၏။ ဖခင်မဆုံးမသောသား ဟူ၍အဘယ်မှာရှိသနည်း။-
ညီအစ်ကိုတို့၊ ဤအားပေးတိုက်တွန်းချက် ကိုသည်းခံလျက်နာယူကြရန်သင်တို့ အားငါတောင်းပန်၏။ ယခုသင်တို့ထံသို့ ငါရေးလိုက်သောစာသည်များစွာမရှည် ပါ။-
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-