ဟေဗြဲ 11:7 - Common Language Bible
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
အခန်းကိုကြည့်ပါ။
ယုံ ကြည် ခြင်း အား ဖြင့် နော ဧ သည် မျက် ကွယ် သေး သော အ ရာ များ နှင့် စပ်၍ ဗျာ ဒိတ် တော် ကို ခံ ရ သည့် အ လျောက် အိမ် သူ အိမ် သား တို့ ပါ ဘေး လွတ် စေ ရန် ဘု ရား တ ရား ကြည် ညို စွာ သင်္ဘော တည် လျက် လော က သား တို့ ကို အ ပြစ် တင်၍ ယုံ ကြည် ခြင်း ဆိုင် ရာ ဖြောင့် မတ် ခွင့် ကို ပိုင် ရ လေ၏။
အခန်းကိုကြည့်ပါ။
နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
အခန်းကိုကြည့်ပါ။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
အခန်းကိုကြည့်ပါ။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
အခန်းကိုကြည့်ပါ။