ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
ဟေဗြဲ 10:10 - Common Language Bible ယေရှုခရစ်သည်ဘုရားသခင်၏အလိုတော် ကိုလိုက်၍ မိမိကိုယ်ခန္ဓာကိုတစ်ခါတည်း အပြီးအပိုင်တင်လှူပူဇော်တော်မူသဖြင့် ငါတို့အပေါင်းသည်သန့်စင်မှုကိုရရှိကြ၏။ Garrad Bible ထို သို့ ယေ ရှု ခ ရစ်၏ ကိုယ် ခ န္ဓာ တော် ကို အ ပြီး သတ် ဆက် ကပ် တော် မူ ခြင်း အား ဖြင့် ငါ တို့ သည် ထို အ လို တော် အ တိုင်း သန့် ရှင်း ရာ ရောက် ကြ လေ ပြီ။ Judson Bible ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တစ်ခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။ |
ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
သူတို့သည်အမှုတော်ဆောင်ရန်အတွက်မိမိ တို့ကိုယ်ကိုအမှန်ဆက်ကပ်သူများဖြစ်လာ ကြစေရန် အကျွန်ုပ်သည်သူတို့၏အကျိုးကို ထောက်၍မိမိကိုယ်ကိုဆက်ကပ်ပါ၏။''
သို့ရာတွင်စစ်သားတစ်ယောက်သည်ကိုယ်တော် ၏နံတော်ကိုလှံဖြင့်ထိုးလိုက်ရာချက်ချင်း ပင်သွေးနှင့်ရေထွက်လာ၏။-
ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
ကိုယ်တော်သည်မိမိအသက်ကိုစွန့်တော်မူခြင်း မှာအသင်းတော်ကိုရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့်ဘုရားသခင်အားဆက် ကပ်တော်မူသဖြင့်၊-
သို့သော်ခရစ်တော်မူကားအပြစ်များကို ဖြေရန် အခါခပ်သိမ်းအတွက်ယဇ်တစ်ခု တည်းကိုပူဇော်တော်မူ၏။ ထို့နောက်ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်တော် မူပြီးလျှင်၊-
ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်တည်း ဟူသောဗိမာန်တော်ကန့်လန့်ကာကိုဖြတ်၍ ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရာ အသက်လမ်းသစ်ကိုဖွင့်၍ပေးတော်မူပြီ။-
ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-
ထို့ကြောင့်ခရစ်တော်သည် ဤလောကသို့ကြွ လာတော်မူသောအခါ၌ဘုရားသခင်အား၊ ``ကိုယ်တော်သည်ယဇ်နှင့်ပူဇော်သကာကို အလိုရှိတော်မမူပါ။ သို့ရာတွင်အကျွန်ုပ်အတွက်ကိုယ်ခန္ဓာကို ပြင်ဆင်ထားတော်မူပါပြီ။
ဤအကြောင်းကြောင့်သခင်ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့၏အပြစ် ဒုစရိုက်များကိုဆေးကြောပေးနိုင်ရန်မြို့ တံခါး၏အပြင်ဘက်၌အသေခံတော်မူ၏။-
သခင်ယေရှုသည်လူတို့အားအပြစ်များမှ သန့်စင်စေတော်မူ၏။ ကိုယ်တော်နှင့်ကိုယ်တော် သန့်စင်စေတော်မူသောသူတို့တွင် အဖတစ်ဦး တည်းရှိသဖြင့် ကိုယ်တော်သည်ထိုသူတို့အား မိမိ၏ညီများဟုခေါ်ဆိုရန်ရှက်တော်မမူ။-
ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-
ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ တစ်ကြိမ်တည်းအပြီးအပိုင်ဝင်တော်မူ သောအခါ၊ ယဇ်ပူဇော်ရန်ဆိတ်သွေး၊ နွားသွေး နှင့်ဝင်တော်မမူ။ မိမိကိုယ်တော်တိုင်၏သွေး နှင့်ဝင်တော်မူ၍ ငါတို့အားထာဝရ ကယ်တင်ခြင်းကိုပေးတော်မူ၏။-
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။-
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-