သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
ဟောရှေ 2:3 - Common Language Bible ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။- Garrad Bible မ ပယ် ခဲ့ မူ၊ ငါ သည် သူ့ အ ဝတ် ကို ချွတ်၍ ဖွား မြင် ရာ နေ့ ကဲ့ သို့ ထား သည့် ပြင်၊ သွေ့ ခြောက် ရာ တော အ ရပ် သ ဖွယ် ဖြစ် စေ လျက်၊ ရေ ငတ်၍ သေ စေ မည်။ Judson Bible မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဖွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။ |
သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
တိုင်းပြည်သည်လည်းခြောက်သွေ့၍ လူသူဆိတ် ငြိမ်လျက်နေတော့၏။ လေဗနုန်တောသည်ညှိုး နွမ်းခြောက်သွေ့၍နေလေပြီ။ မြေသြဇာထက် သန်သည့်ရှာရုန်ချိုင့်ဝှမ်းသည် သဲကန္တာရကဲ့သို့ ဖြစ်လျက်၊ ဗာရှန်တောင်နှင့်ကရမေလတောင် တွင်ရှိသောသစ်ပင်များသည် အရွက်ကြွေကြ ကုန်၏။
သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက် အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။ ငါသည်သင့်အားလက်စားချေမည်။ ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။
ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့ များသည် သဲကန္တာရသဖွယ်ဖြစ်၍ ယေရု ရှလင်မြို့သည်လည်းပျက်စီးယိုယွင်း လျက် လူသူကင်းမဲ့ရာဖြစ်၍နေပါ၏။-
လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။ သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။ နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။
အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
ထာဝရဘုရားကိုယ်တော်တိုင်ပင်သင်တို့ ၏အဝတ်များကိုဆွဲချွတ်တော်မူ၍ သင် တို့အားအရှက်ကွဲစေတော်မူလိမ့်မည်။-
ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
ထိုသူသည်အခြားအဘယ်အပင်မျှမပေါက် သည့် တောကန္တာရမြေရိုင်းတွင်ပေါက်သည့်ခြုံပုတ် နှင့်တူ၏။ သူသည်အဘယ်ကောင်းကျိုးကိုမျှမခံစားရ။''
ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
``ငါ၏အဖို့ယုဒဘုရင်၏နန်းတော်သည် ဂိလဒ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင် ထိပ်ကဲ့သို့လည်းကောင်းလှပတင့်တယ်သော် လည်း ငါသည်ထိုအရပ်ကိုလူသူဆိတ် ငြိမ်ရာသဲကန္တာရဖြစ်စေမည်။
ထာဝရဘုရား၏ပြင်းထန်သောအမျက် တော် အရှိန်ကြောင့် မြေသြဇာကောင်းသောပြည်သည်သဲကန္တာရ ဖြစ်လျက်၊ မြို့များသည်လည်းယိုယွင်းပျက်စီး၍နေလေပြီ။
မြို့တို့သည်လန့်ဖျပ်တုန်လှုပ်စရာမြင်ကွင်း ဖြစ်လာကြလျက်လူသူဆိတ်ငြိမ်ရာ၊ ရေ မရှိသည့်သဲကန္တာရနှင့်တူကြ၏။ ထိုမြို့ များသို့အဘယ်သူမျှလည်းခရီးမပြု ကြ။-
ဣသရေလပြည်သားနှင့်ယုဒပြည်သားတို့ သည် ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်တော်မူသောအရှင် ငါ့အားပြစ်မှား ကြသော်လည်းအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည်သူတို့ကိုစွန့်ပစ်တော်မမူ။-
သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။
ယခုအခါထိုအပင်ကိုခြောက်သွေ့၍ ရေမရှိရာအရပ်ဖြစ်သောတောကန္တာရတွင် စိုက်ထားလေသည်။
ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။-
သင်မြင်ရသောသားရဲနှင့်ဦးချိုဆယ်ချောင်း တို့သည် ပြည့်တန်ဆာမကိုမုန်းကြလိမ့်မည်။ သူတို့သည်ပြည့်တန်ဆာမထံမှရှိသမျှ ကိုချွတ်ယူလျက်အဝတ်အချည်းစည်းဖြစ် စေကြလိမ့်မည်။ သူ၏အသားကိုစား၍သူ့ ကိုမီးရှို့ကြလိမ့်မည်။-
ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-