ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ဟောရှေ 10:3 - Common Language Bible မကြာမီ၌ပင်ဤသူတို့က``ငါတို့သည် ထာဝရဘုရားကိုမကြောက်ရွံ့သောကြောင့် ငါတို့၌ဘုရင်မရှိ၊ ဘုရင်ရှိသည့်တိုင် အောင်သူသည်ငါတို့အတွက်မည်သို့ဆောင် ရွက်ပေးနိုင်မည်နည်း'' ဟုဆိုကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား အား၊ ခန့် ညား ခြင်း ကင်း လျက် နေ သော ငါ တို့ ၌ ဘု ရင် မ ရှိ။ အုပ် စိုး သော ဘု ရင် သည်၊ မည် သို့ တတ် နိုင် သ နည်း ဟု၊ ဆို ရာ ရောက် ရ ကြ ၏။ Judson Bible ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သောကြောင့် ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဖို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ချင်းဆိုရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့က “ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် ငါတို့၌ ရှင်ဘုရင်မရှိတော့ပြီ။ ရှင်ဘုရင်ရှိလျှင်လည်း ငါတို့အဖို့ မည်သို့ပြုပေးနိုင်မည်နည်း”ဟု ဆိုကြလိမ့်မည်။ |
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ကိုးနှစ် မြောက်၌ ယာဖက်၏သားရှလ္လုံသည်ဣသရေလ ပြည်ဘုရင်အဖြစ် နန်းတက်၍ရှမာရိမြို့၌ တစ်လမျှနန်းစံရ၏။
လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက် ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
ဗေသလမြို့သားတို့၊ သင်တို့သည်ကြီးလေး သောဒုစရိုက်ကိုကူးလွန်ခဲ့သဖြင့် ထိုကဲ့ သို့သောအဖြစ်အပျက်မျိုးနှင့်ကြုံရလိမ့် မည်။ စစ်ပွဲစလျှင်စခြင်းဣသရေလဘုရင် ကျဆုံးရလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့၏ဘုရင်သည် ရေထဲတွင်မျောပါသွား သောသစ်စကဲ့သို့ဖမ်းဆီးသွားခြင်းခံရ မည်။-
``သူတို့သည်ငါ့ထံပြန်မလာကြသဖြင့် အီဂျစ်ပြည်သို့ပြန်ရကြမည်။ အာရှုရိ ဘုရင်သည်သူတို့ကိုအုပ်စိုးလိမ့်မည်။-
သင်တို့သည်ရှင်ဘုရင်နှင့်ခေါင်းဆောင်များ ကိုကျွန်တော်မျိုးတို့အားပေးပါဟုတောင်း ခံကြ၏။ သို့ရာတွင်ဤသူတို့သည်တိုင်းပြည် ကိုကယ်နိုင်မည်လော။-
ငါသည်အမျက်ထွက်၍သင်တို့အားရှင် ဘုရင်များကိုပေးခဲ့၏။ ငါသည်အမျက် ဒေါသဖြင့်ထိုရှင်ဘုရင်များကိုရုပ်သိမ်း ခဲ့ပြီ။
ထိုနည်းအတိုင်းဣသရေလပြည်သားတို့ သည်ဘုရင်မရှိ၊ ခေါင်းဆောင်မရှိ၊ ယဇ်ပူဇော် ခြင်းမရှိ၊ ကိုးကွယ်ရာကျောက်တိုင်များမရှိ၊ ရုပ်တုများမရှိဘဲလျက်ကြာမြင့်စွာနေ ထိုင်ရလိမ့်မည်။-
သင်သည်အဘယ်ကြောင့်ကျယ်လောင်စွာ အော်ဟစ်ရပါသနည်း။ မီးဖွားသောမိန်းမ ကဲ့သို့အဘယ်ကြောင့်ဝေဒနာခံနေရ ပါသနည်း။ သင်၌အုပ်စိုးမည့်ရှင်ဘုရင် မရှိသောကြောင့်လော၊ သင်၏အတိုင်ပင် ခံများအနိစ္စရောက်ကုန်ကြသောကြောင့် လော။-
ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။
သို့ရာတွင်သင်တို့သည်အပြစ်ကူးမြဲကူး နေကြပါမူ ဘုရင်နှင့်တကွသင်တို့ဆုံးပါး ပျက်စီးရကြလိမ့်မည်'' ဟုလူတို့အားမိန့်ဆို လေ၏။